(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှု ကြည့်ရှုအားပေး

 

နေပြည်တော် ဒီဇင်ဘာ ၃၁


(၇၄)နှစ်မြောက်   လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို   ဒီဇင်ဘာ  ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ်  ဇန်နဝါရီ  ၄ ရက်အထိ  အားကစားနည်း ခြောက်နည်းကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း (Sports Complex)ရှိ သက်ဆိုင်ရာ အားကစား ကွင်း/ အားကစားရုံများတွင် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ   ဆက်လက်ကျင်းပ လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင်   အားကစားနှင့် လူငယ်ရေးရာ   ဝန်ကြီးဌာန  (၇၄)  နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အားကစားပြိုင်ပွဲ များ  ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီ ဒုဥက္ကဋ္ဌ ဒုတိယဝန်ကြီး  ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊     အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 


ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌  ဆက်လက်ကျင်းပလျက် ရှိသော   လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ   ပွဲစဉ်အဖြစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ စီမံကိန်း နှင့်   ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းနှင့်   သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်း၊   နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့်   သယံဇာတနှင့်   သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး  ဝန်ကြီးဌာနအသင်း၊ သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး သည်။

 


ထို့နောက်     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌   ဆက်လက်ကျင်းပ လျက်ရှိသော   ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ်   ပွဲစဉ်များအဖြစ်  ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့်    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်း၊  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်းတို့   ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

 


ဆက်လက်ပြီး    ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက် ကျင်းပ လျက်ရှိသော   ပိုက်ကျော်ခြင်း  (အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာန အသင်းတို့   ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ ဖူဆယ်အားကစားရုံ၌  ဆက်လက်ကျင်းပလျက်ရှိ သော ဖူဆယ်(အမျိုးသား) ကွာတားဖိုင်နယ်ပွဲစဉ်များ အဖြစ်   ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့်   လူမှု ဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာနအသင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနအသင်းနှင့်  အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာနအသင်းများ၏   ယှဉ်ပြိုင်ကစား နေမှုများကို   ကြည့်ရှုအားပေးခဲ့ကြောင်း  သိရသည်။

 


သတင်းစဉ်