
ရန်ကုန် ဒီဇင်ဘာ ၃၀
မြန်မာအမျိုးသား လေကြောင်း လိုင်း (MNA) သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံသို့ ကယ်ဆယ်ရေးနှင့် အထူးကယ်ဆယ်ရေးခရီးစဉ်များ ပျံသန်းပြေးဆွဲသွားမည် ဖြစ် ကြောင်း အဆိုပါလေကြောင်းလိုင်း မှ သိရသည်။
အိန္ဒိယနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံခရီးစဉ်တွင် ရန်ကုန်-နယူးဒေလီ-ရန်ကုန် ကယ်ဆယ် ရေးခရီးစဉ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်၊ ၁၈ ရက်နှင့် ရန်ကုန်-မနီလာ-ရန်ကုန် ခရီးစဉ်အား ဇန်နဝါရီ ၁၁ ရက်တွင်လည်း ကောင်း၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်ကို အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် အထူး ကယ်ဆယ်ရေး ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် လည်းကောင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံ ခရီးစဉ်တို့တွင် ရန်ကုန် - စင်ကာပူ - ရန်ကုန် ကယ်ဆယ်ရေးခရီးစဉ်ကို အပတ် စဉ် တနင်္လာနေ့နှင့် အထူး ကယ်ဆယ်ရေးခရီးစဉ်ကို အပတ် စဉ် ဗုဒ္ဓဟူးနှင့် စနေနေ့တို့တွင် လည်းကောင်း၊ ရန်ကုန်-ကွာလာ လမ်ပူ ကယ်ဆယ်ရေးခရီးစဉ်ကို တနင်္လာ၊ ကြာသပတေး၊ စနေနေ့ နှင့် ရန်ကုန်-ကွာလာလမ်ပူ ကယ်ဆယ်ရေး ခရီးစဉ်အား အပတ်စဉ် အင်္ဂါ၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် လည်း ကောင်း အသီးသီးပြေးဆွဲသွား မည်ဖြစ်သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ အတွင်း ပျံသန်းပြေးဆွဲမည့် ပြည်ပ Relief Flight ခရီးစဉ်များ တွင် လေယာဉ်လက်မှတ်များကို MNA လက်မှတ်အရောင်း ကောင်တာများ၊ MNA Website (www.flymna.com)နှင့် Appli-cationနှင့် နီးစပ်ရာ Travel Agent များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ညိမ်းသူ
ဓာတ်ပုံ - ကနူး