
ဘားအံ ဒီဇင်ဘာ ၂၅
ကရင်ပြည်နယ် ဒီဇင်ဘာ လူထု အားကစားလှုပ်ရှားမှု စုပေါင်း လမ်းလျှောက်ပွဲနှင့် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်း ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၆ နာရီခန့်က ဘားအံမြို့ သီရိလမ်း ဝန်ကြီးများ အိမ်ရာရှေ့၌ စုရပ်ပြုလုပ်၍ကျင်းပ ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘားအံတက္ကသိုလ်နှင့် ဘားအံ ပညာရေးဒီဂရီကောလိပ်မှ သင် တန်းသား၊ သင်တန်းသူ၊ ဆရာ ဆရာမများနှင့် ဒေသခံတိုင်းရင်း သားပြည်သူများ ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသူများသည် စုရပ်ဖြစ် သော သီရိလမ်း ဝန်ကြီးများ အိမ်ရာရှေ့မှ နန်းလုံးကြိုင်လမ်း၊ သုခမိန်လမ်း၊ ဘားမဲတောင်သဘာဝ ဥယျာဉ်၊ အင်ကုန်းလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း ပျော်ရွှင်စွာ စုပေါင်း လမ်းလျှောက်ခဲ့ကြပြီး သီရိလမ်းမှတစ်ဆင့် သီရိကွင်း အတွင်းသို့ ပြန်လည်ဝင်ရောက် ခဲ့ကြကာ အကြောလျှော့ လေ့ကျင့် ခန်းများဆောင်ရွက်၍ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)၊ Physical Fitness Dance တို့ကို စုပေါင်းဆောင်ရွက်ခဲ့ ကြသည်။
အလားတူ အများပြည်သူ ကိုယ်လက် ကျန်းမာကြံ့ခိုင်ရေး အတွက် ဒီဇင်ဘာလ အားကစား လှုပ်ရှားမှုအနေဖြင့် အများပြည်သူ ဆိုင်ရာနေရာ ( Public Area ) များတွင် တစ်ဦးတစ်ယောက်ချင်း အလိုက်သော် လည်းကောင်း၊ မိသားစုအလိုက်သော် လည်း ကောင်း၊ အစုအဖွဲ့များအလိုက် သော်လည်းကောင်း တစ်ကိုယ်ရေ ကိုယ်လက်လှုပ်ရှားမှု အစီအစဉ် များ ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရပြီး ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်း နေသော်လည်း ကာကွယ်၊ ထိန်း ချုပ်သည့်အနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ အားကစားလှုပ်ရှားမှု များကို ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)