ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော်(ဘုရားရှိခိုးကျောင်း)များမှ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာ၊ နယ်စီးသာသနာပိုင်ကြီးတို့အား ဂါရဝပြုတွေ့ဆုံ

 

ဘားအံ   ဒီဇင်ဘာ  ၂၄


ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ် ယာန် ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သား များအားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်း တည်ငြိမ်သာယာဝပြောခြင်းများနှင့် ပြီးပြည့်စုံကြ ပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစော   မြင့်ဦးက    ယနေ့နံနက်ပိုင်းက   ဘားအံမြို့ပေါ်ရှိ    ခရစ်ယာန်အသင်းတော်  (ဘုရားရှိခိုးကျောင်း)များသို့ သွားရောက်ဂါရဝပြုတွေ့ဆုံရာ၌  ဆုတောင်းစကား ပြောကြားသည်။

 


ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘားအံမြို့ပေါ်ရှိ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်   ကရင်နှစ်ခြင်း အသင်းတော်၊          သတ္တမနေ့ဥပုသ်အသင်းတော်၊ စိန့်ဖရန့်စစ်ဇေးဗီးယဲကက်သလစ်     ဘုရားရှိခိုး ကျောင်း၊    မြန်မာနိုင်ငံ   ခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)ဘားအံသာသနာပိုင်နယ် ရှင်ပေတရုက သီဒြယ်ဘုရားရှိခိုးကျောင်းနှင့် ကရင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ် ပြည်ထောင်စု/သာယာကုန်းနှစ်ခြင်း အသင်းတော်များသို့   သွားရောက်ပြီး  ခရစ်တော် မွေးနေ့တွင် ဂုဏ်တော်(ကျေးဇူးတော်)ကို ချီးမွမ်း သောအားဖြင့် သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်၊ နယ်စီးသာသနာပိုင်ကြီး၊   လက်ထောက်သင်းအုပ် ဆရာ၊ Father ၊ သင်းထောက်၊ အသင်းလူကြီး၊ အမျိုး သမီးခေါင်းဆောင်များအား ခရစ်ယာန် အသင်းတော် (ဘုရားရှိခိုးကျောင်း)များအလိုက် သီးခြားစီဂါရဝပြုတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

 


ထိုသို့တွေ့ဆုံရာတွင်   ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲဖြစ်ပေါ်နေမှုအခြေအနေများ၊  ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ သာယာ ဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မိမိတို့၏  ကိုးကွယ်ရာ၊ ယုံကြည်ရာကို ငြိမ်းချမ်းလွတ်လပ်စွာနှင့် စည်းလုံးညီညွတ်စွာ အတူတကွယှဉ်တွဲနေထိုင်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေကြောင်း၊   ကရင် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန် ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများ အားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းတည်ငြိမ် သာယာဝပြောခြင်းများနှင့်      ပြီးပြည့်စုံကြပါစေ ကြောင်း ဆုတောင်းစကားပြောကြားခဲ့ပြီး ခရစ်ယာန် အသင်းတော် (ဘုရားရှိခိုးကျောင်း) များ၏ သင်းအုပ် ဆရာ၊ ဂိုဏ်းအုပ်ဆရာတော်နှင့် နယ်စီးသာသနာ ပိုင်ကြီးတို့အား    ခရစ္စမတ်အထိမ်းအမှတ်   ဂါရဝ လက်ဆောင်နှင့် အလှူငွေများပေးအပ်ရာ သင်းအုပ် ဆရာ၊  ဂိုဏ်းအုပ်ဆရာတော်နှင့်  နယ်စီးသာသနာ ပိုင်ကြီးတို့ကလည်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်များ ပြန်လည် ပေးအပ်ကြသည်။

 


ထို့အတူ ဘားအံမြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော် (ဘုရားရှိခိုးကျောင်း)များမှ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ် ဆရာ၊ နယ်စီးသာသနာပိုင်ကြီးတို့ကလည်း ခရစ္စမတ် ဆုမွန်ကောင်းစကားများပြောကြား၍   ဆုတောင်း မေတ္တာပို့သပေးကြောင်း သိရသည်။ 


စောမျိုးမင်းသိန်း
(ပြန်/ဆက်)