ပရီမီယာလိဂ် တိုက်ရိုက်ပွဲစဉ်များကို MPT IPTV တွင် စာရင်းသွင်းခပေးရန်မလိုဘဲ ကြည့်ရှုနိုင်မည်

 

 

ရန်ကုန် ဒီဇင်ဘာ ၂၁
MPT  ဆင်းကတ်များကို  အသုံးပြုနေသူများ အနေဖြင့် MPT IPTV  အက်ပလီကေးရှင်းမှ တစ်ဆင့် ၂၀၂၁-၂၀၂၂ ရာသီသစ် အင်္ဂလိပ် ပရီ မီယာလိဂ်  ဘောလုံးပွဲစဉ်များကို  ဒီဇင်ဘာ ၁၁  ရက်မှစ၍  တိုက်ရိုက်ကြည့်ရှုနိုင်ကြောင်း MPT က သတင်းထုတ်ပြန်ထားသည်။
MPT IPTV  အက်ပလီကေးရှင်းမှတစ်ဆင့် အင်္ဂလိပ်ပရီမီယာလိဂ်  တိုက်ရိုက်ပွဲစဉ်များ ကို ထုတ်လွှင့်သည့်  ရုပ်သံလိုင်းများဖြစ်သော  SPORTS 6 ၊ SPORTS 1 ၊ SPORTS 2 ၊ SPORTS 3 ၊ SPORTS 4 ၊ SPORTS 5 နှင့် SPORTS + လိုင်းများအပြင်   တစ်ပတ်တာအကောင်းဆုံး သွင်းဂိုးနှင့် ပွဲစဉ်သုံးသပ်ချက်များကိုပါ ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း သိရသည်။ 
MPT IPTV ဝန်ဆောင်မှုသည် ပြည်တွင်း၊ ပြည်ပတိုက်ရိုက်ထုတ်လွှင့်သည့် ရုပ်သံလိုင်း များအပြင် ရုပ်ရှင်ဇာတ်လမ်းများ၊ Drama Show များ၊ မှတ်တမ်းရုပ်ရှင်နှင့် ကလေးများအတွက် အစီအစဉ်များပါဝင်သည့် Video-on-demand (VOD)    ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး   မကြည့်ရှု လိုက်ရသည့် ရုပ်သံအစီအစဉ်များကို ပြန်လည် ကြည့်ရှုနိုင်မည့် “ပြန်ကြည့် Function” လည်း ပါဝင်သည်။ MPT ဆင်းကတ် သုံးစွဲသူများအနေ ဖြင့်    စာရင်းသွင်းခ   ပေးဆောင်ရန်မလိုဘဲ ကြည့်ရှုနိုင်မည်ဖြစ်သော်လည်း ကြည့်ရှုရာတွင် ဝယ်ယူထားသည့်ဒေတာဖြင့်သာ ကြည့်ရှုရ မည်ဖြစ်ပြီး လက်ဆောင်ရရှိထားသည့်  ဒေတာ များဖြင့် ကြည့်ရှု၍မရနိုင်ကြောင်း သိရသည်။
MPT   ၏  IPTV   အက်ပလီကေးရှင်းကို အန်းဒရွိုက်နှင့် iOS နှစ်မျိုးလုံးတွင် ရယူအသုံးပြု နိုင်ပြီး MPT အင်တာနက်လိုင်းဖြင့် အန်းဒရွိုက် ဖုန်းများတွင်  မိုဘိုင်း   browser  များမှလည်း အသုံးပြုနိုင်မည်ဖြစ်သည်။    အန်းဒရွိုက်ဖုန်း အသုံးပြုသူများသည်   အက်ပလီကေးရှင်းကို ပလေးစတိုးတွင်လည်းကောင်း၊  iOS အသုံးပြု သူများသည် App Store တွင်လည်းကောင်း  ဒေါင်းလုပ်ရယူနိုင်ကြောင်း သိရသည်။ 
ကိုစိုး