
နေပြည်တော် ဒီဇင်ဘာ ၁၅
စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ် နွှဲပျော် ဂီတပွဲတော်” သီချင်းဆို ပြိုင်ပွဲ အုပ်စု (ခ) ဒုတိယပွဲစဉ်ကို ဒီဇင်ဘာ ၁၇ ရက် (သောကြာနေ့) ညတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါပွဲစဉ်၌ တိုင်းရင်းသား ပြိုင်ပွဲဝင်များ ဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ ကြူကြူ ခိုင်၊ ရှမ်းပြည်နယ်မှ သီတာစမ်း၊ မန္တလေး တိုင်းဒေသကြီးမှ ကျော်ခိုင်စိုး၊ စစ်ကိုင်းတိုင်းဒေသ ကြီးမှ အောင်မြင့်သိန်း၊ ကယား ပြည်နယ်မှ အိရွှေစင်၊ ကရင်ပြည် နယ်မှ ချမ်းဟိန်းဝင်းထွန်း၊ ရခိုင် ပြည်နယ်မှ ခိုင်ဝင်းသူ၊ ချင်းပြည် နယ်မှ ထုံလှိုင်းနှင့် ကချင်ပြည် နယ်မှ N လုံးလုံ တို့က ယှဉ်ပြိုင် သီဆိုကြမည်ဖြစ်ပြီး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားခေတ်ပေါ် တေးဂီတမှ တီးခတ်ပေးမည်ဖြစ် ကာ ဒုတိယအကြိမ်အဖြစ် ဒီဇင်ဘာ ၁၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲတွင် နေပြည် တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီးတို့မှ တိုင်းရင်းသားညီအစ်ကို မောင်နှမသုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့က အဖွဲ့ ငါးဖွဲ့ခွဲ၍ အုပ်စုပွဲစဉ် ၁၀ ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် လည်း ကောင်း၊ နောက်ဆုံးပွဲစဉ်နှစ်ပွဲကို ရန်ကုန်မြို့ ပြည်သာယာရှိ မြဝတီမီဒီယာစင်တာတွင် လည်း ကောင်း နိုဝင်ဘာ ၂၆ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် အထိ အပတ်စဉ် သောကြာနေ့ ညတိုင်း သီဆိုယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်