
နေပြည်တော် ဒီဇင်ဘာ ၁၅
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်၌ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ တစ်ခုမှ Feravir Tablet ၁၂၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၆၀၊ စုစုပေါင်း ၄၉၃၃၅၈ Kg ၊ နယ်စပ် (ချင်းရွှေဟော်) တွင် ကုမ္ပဏီ ၁၀ ခုတို့မှ Mask ၁၇၄၁၈၉ Kg ၊ Sai V C (Injection) ၃၀၉၆၀၊ Glucose Injection ၄၆၅၆၀၊ Sodium Chloride Injection ၉၀၀၀၊ PPE ၆၇၈၄၀၊ Pai B1 Tablet ၃၂၃၆၀၊ Paracetamol Tablet ၉၈၈၀၊ Pai Cetirizine Tablet ၁၁၃၂၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်