တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံ

 

နေပြည်တော်  ဒီဇင်ဘာ  ၁၅


တိုင်းဒေသကြီးနှင့်   ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်  သီလရှင်များ၊ ဘာသာရေး   ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး  အသက်   ၄၀   အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသား   လက်နက်ကိုင် အဖွဲ့များ၊  နာတာရှည်ရောဂါအခံ ရှိသူများ၊ ကယ်ဆယ်ရေးစခန်း များ၊ ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ     ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့်   အထက် တန်းအဆင့်      ကျောင်းသား ကျောင်းသူများ   စသည့်ဦးတည် အုပ်စုများ         သတ်မှတ်၍ တပ်မတော်မှ     ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း များကို    အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၄ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်   (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၁၆ နယ်တို့၌ ဒေသခံပြည်သူ ၁၃၁၉၆ ဦး၊ ရှမ်း ပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ နယ်နှင့်    မိုင်းပျဉ်းမြို့နယ်တို့၌ ဒေသခံပြည်သူ ၇၅၅ ဦး၊ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်တို့၌ သံဃာ တော်များနှင့်   ဒေသခံပြည်သူ ၁၀၂၆၁ ဦး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ မြိတ်မြို့နယ်နှင့် ပုလောမြို့ နယ်တို့၌ ဒေသခံပြည်သူ ၃၂၅၀၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်    ခြောက်မြို့နယ်တို့၌ ဒေသခံပြည်သူ    ၅၅၅၈   ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၄၇၄၂၂ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ် နှင့် တန့်ဆည်မြို့နယ်တို့၌ ဒေသခံ ပြည်သူ ၆၆၅ ဦး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ      ခရိုင်  ခုနစ်ခုမှ  ဒေသခံပြည်သူ  ၉၉၂၀၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နှင့်    ထန်းတပင်မြို့နယ်တို့၌ ဒေသခံပြည်သူ    ၁၀၄၆  ဦးတို့ကို တပ်မတော်မှ  ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ    ဆရာဝန် များ၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊   စေတနာ့ဝန်ထမ်း များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံပေး ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 

 


ထို့အတူ    ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်     (မြောက်ပိုင်း) မိုးမိတ်မြို့၌      ကျောင်းသား ကျောင်းသူ ၄၃ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌     ကျောင်းသား ကျောင်းသူ ၂၃၉၂ ဦးနှင့် စစ်ကိုင်း တိုင်းဒေသကြီး  ခန္တီးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၅၁ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက     ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊   သက်ဆိုင်ရာ ကျန်းမာရေး       ဝန်ထမ်းများ၊ စေတနာ့      ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ 


  သတင်းစဉ်