ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   ဒီဇင်ဘာ  ၁၀


အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊  ကုသရေး  ပစ္စည်းများအား  ရေကြောင်း၊  ဆိပ်ကမ်း၊   နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်   လွယ်ကူချောမွေ့စွာ    စစ်ဆေးထုတ်ပေးလျက် ရှိရာ    ဒီဇင်ဘာ ၁၀ ရက်က    ရန်ကုန်ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ  ၄၃ မျိုး   စုစုပေါင်း  ၈၉၀၅၃  ဒသမ ၂၅ Kg ၊ နယ်စပ် (မြဝတီ၊ ချင်းရွှေဟော်၊ ကျိုင်းတုံ)တွင် ကုမ္ပဏီခြောက်ခုတို့မှ Mask ၂၇၉၀၀ Kg ၊ Sodium Chloride Injection ၁၄၃၄၀၊ Hydrocort Injection ၃၉၆၈၀၊ Liquid Oxygen  ၁၅၃၂၃ m3 တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်