
နေပြည်တော် ဒီဇင်ဘာ ၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပေးရာတွင် ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီတစ်ခု မှ Vitamin-C Tablets ၁၄၄၀၊ Pantoprazole Sodium Gastro Resistant Tablets ၂၉၄၀၊ Levo-cetirizine Dihydrochloride Tablets ၉၅၀၊ Dom-peridone Tablets ၂၉၃၄ ခု၊ Cetirizine Hydrochloride Tablets ၁၉၇၅၀၊ ရန်ကုန်ဆိပ်ကမ်း များမှ Medical Use Extension Tube ၃၂ ခု၊ Infusion Pump Terum ၁၀၀ ၊ Blood Glucose Test Strip ၃၀၀၀ ၊ Oxygen Cylinder ၄၇၀၊ ဆေးဝါးမျိုးစုံ ၆၇ မျိုး စုစုပေါင်း ၁၉၁၇၇၅ ဒသမ ၁၉ Kg ၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီလေးခု တို့မှ Mask ၃၉၁၉၀ Kg ၊ Sodium Chloride Inje-ction ၆၀၂၇၀၊ Glucose Injection ၁၃၆၅၀၊ Luquid Oxygen ၁၇ ဒသမ ၇၃ Tor တို့အား ထုတ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်