ပြည်သူလူထုထံပန်ကြားချက်

 

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ   ၉   ရက်

 


လူမှုကွန်ရက်   စာမျက်နှာများပေါ်တွင်     ငွေစက္ကူအသစ် ၂၀,၀၀၀/-ကျပ်တန်၊ ၅၀,၀၀၀/- ကျပ် တန်များ ထုတ်မည်ဆိုသော ကောလာဟလသတင်းများ ထွက်ပေါ်နေကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူတန်ဖိုး အမျိုးအစား အသစ် ထုတ်ဝေခြင်းကိစ္စ၊ ထုတ်ဝေပြီးသော ငွေစက္ကူအမျိုးအစားကို ပုံစံသစ်ဖြင့် ပြောင်းလဲထုတ်ဝေခြင်းကိစ္စရပ်များ ဆောင်ရွက်မည် ဆိုပါလျှင် ပြည်သူများကို ကြိုတင်ကြေညာ အသိပေးဆောင်ရွက် ပါကြောင်း၊ ယခု သတင်းဖြစ်ပေါ်နေသော ၂၀,၀၀၀/- ကျပ်တန်၊ ၅၀,၀၀၀/- ကျပ်တန် ငွေစက္ကူသစ်များ ထုတ်မည်ဆိုသည့် သတင်း မှာ မဟုတ်မမှန်ပါကြောင်း အသိပေးအပ်ပါသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်