
ခင်ဦး ဒီဇင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦး မြို့နယ်တွင် တစ်ဧက ဝါပိဿာ ၁၀၀၀ ထွက်ရှိရေးအတွက် ရွာသစ် ကျေးရွာအုပ်စု ရွှေပြည်သာ ကျေးရွာတွင် ဝါကုန်ထုတ်အသင်း ဖွဲ့စည်း၍ မိုးနှောင်းဝါ စံပြကွက် များ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ခင်ဦးမြို့နယ်တွင် ယခုနှစ် ဝါစိုက်ပျိုးမှုတိုးတက်ရေးအတွက် ရွှေပြည်သာကျေးရွာတွင် ဝါကုန် ထုတ်အသင်းဖွဲ့စည်းခဲ့ပြီး အသင်း သား ဦးရေ ၂၁ဦးနှင့် ဖွဲ့စည်းထား ကာ ဝါစိုက်ဧက ၇၆ ဧက စိုက်ပျိုးခဲ့ ကြောင်း၊ တစ်ဧကလျှင် ဝါ ပိဿာ ၁၀၀၀ ထွက်ရှိရေးနည်းပညာပေး စံပြကွက်အနေဖြင့် ၂၅ ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင်စိုက်ပျိုး စရိတ် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ထောက်ပံ့ပေးခဲ့ ကြောင်း၊ အသင်းမှ ဝါဈေးကွက် ဖော်ဆောင်ရေးအတွက် ကြိုးစား ဆောင်ရွက်ပြီး ဝါများကို တင်ပို့ ရောင်းချနိုင်ရေး ဆောင်ရွက်မည် ဖြစ်ပြီး လာမည့်နှစ်တွင် ဝါမျိုးစေ့ထုတ်လုပ်ရောင်းချနိုင်ရေးအထိ ဆောင်ရွက် သွားနိုင်မည်ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်လှကြိုင်၏ ပြောကြား ချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)