
နေပြည်တော် ဒီဇင်ဘာ ၂
လယ်ယာသားငါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် ပါဝင်ပတ်သက်နေကြသူများအတွက် လိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်း ဆွေးနွေးအဖြေရှာရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လစဉ်ပထမပတ် ဗုဒ္ဓဟူး နေ့တွင် ပြုလုပ်လျက်ရှိသည့် စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
ယနေ့ စကားဝိုင်းဆွေးနွေးပွဲတွင် ငါးသံဇာတ တိုးတက်လာစေရေးအတွက် ငါးဖမ်းဆီးမှုအား လျှော့ချပြီး ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေ ရေးဆောင်ရွက်ရန်နှင့် ကမ္ဘာ့အဆင့်မီ တန်ဖိုးမြင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုမြှင့်တင်နိုင် ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းဏ္ဍများမှ တာဝန် ရှိသူများက “မြန်မာနိုင်ငံ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
လက်ရှိတွင် စကားဝိုင်းဆွေးနွေးပွဲများကျင်းပရာ၌ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ စီမံကိန်း စီမံချက်များတွင် ငါးသံဇာတတိုးတက်လာစေရေး အတွက် ထည့်သွင်းဆောင်ရွက်ဖွယ်ရာများ၊ တောင်သူ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအတွက် ရေရှည်အကျိုး ဖြစ်ထွန်းစေမည့် မျှော်မှန်းချက်များ ဖော်ထုတ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကျင်းပနေခြင်းဖြစ်သော် လည်း နောင်တွင် ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်များ အပိုင်းကပါ ဝင်ရောက်ဆွေးနွေးနိုင်သည့် စကားဝိုင်း ဆွေးနွေးပွဲများ ဖြစ်လာစေရေး တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ငါးဖမ်းဆီးထုတ်လုပ်မှုသည် သက်ဆိုင်ရာ ဒေသ၏ ငါးသယံဇာတ တည်ရှိမှုအပေါ် မူတည်နေရာ ကမ္ဘာတစ်ဝန်း၌ ငါးသယံဇာတလျော့ကျလာနေသည့် အတွက် ဖမ်းဆီးထုတ်လုပ်ရေးမှ ရေရှည်တိုးတက် ထုတ်လုပ်ရန် ကန့်သတ်ချက်များရှိသဖြင့် တိုးတက် လာသည့် လူဦးရေအတွက် ငါးရိက္ခာပေါများဖူလုံစေ ရန် ငါးမွေးမြူရေးကဏ္ဍကို တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငါးကဏ္ဍထုတ်လုပ်မှု အနေဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ၆၀၁၈ မက်ထရစ် တန် ထုတ်လုပ်နိုင်ခဲ့ပြီး ဖမ်းဆီးရေးမှ မက်ထရစ်တန် ၄၈၀၀ ကျော်နှင့် မွေးမြူရေးမှ မက်ထရစ်တန် ၁၁၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ရာ ရေရှည်တွင် ငါးမွေးမြူရေးကဏ္ဍမှ တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲ တွင် ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဈေးကောင်း ရရှိစေသည့် ငါး၊ ပုစွန်များ ထုတ်လုပ်တင်ပို့နိုင်ရေး၊ အဆင့်မြင့်နည်းပညာများ အသုံးပြု၍ မွေးမြူ ထုတ်လုပ်နိုင်စေရေး၊ ဈေးကွက်အသစ်များ ရှာဖွေ ထိုးဖောက်နိုင်ရေးနှင့် အလားအလာရှိသော ပို့ကုန် အမယ်အသစ်များ တိုးချဲ့တင်ပို့နိုင်ရေး၊ ပို့ကုန် ဦးစားပေးစနစ်ကျင့်သုံးရေး၊ တိုင်းရင်းသားများ၏ ကုန်ထုတ်လုပ်မှုတိုးတက်စေရေး၊ ပို့ကုန်ပမာဏ ပိုမိုထုတ်လုပ်နိုင်စေရေး၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများ အတွက် နည်းပညာပံ့ပိုးပေးနိုင်ရေး၊ မူဝါဒများချမှတ် နိုင်ရေး၊ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်စေ ရေးနှင့် ပြည်သူများ ငါးစားသုံးမှု တိုးတက်လာစေရေး တို့အတွက် ရှုထောင့်အသီးသီးမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်