ပညာရပ်ဆိုင်ရာ သုတေသန ပူးပေါင်းဆောင်ရွက်ရေး ညီလာခံဖွင့်ပွဲကျင်းပ

ရန်ကုန်   နိုဝင်ဘာ    ၂၅


မြန်မာနိုင်ငံရှိ     တက္ကသိုလ်များ၊ တရုတ်နိုင်ငံရှိ      Guangzhou  Marine    Geological   Survey, China    Geological     Survey, Ministry of  Natural  Resources, the People’s Republic of  China၊ ဖိလစ်ပိုင်နိုင်ငံမှ   the    Marine Science  Institute  University  of the Philippines  Diliman နှင့် ဗီယက်နမ်နိုင်ငံမှ Institute  of Marine Environment and  Resources, Vietnam Academy of Science and Technology တို့ ပူးပေါင်းပြီး       မြန်မာနိုင်ငံရှိ ဒဂုံတက္ကသိုလ်မှ       အိမ်ရှင်အဖြစ် ဦးစီးကျင်းပသည့်      “The   4th   International  Conference on Substantial        Scientific  Collaboration  of   Ocean  and Earth Science between Myanmar and    China   (SSCOE- 2021) Ocean   and   Earth    Science ပညာရပ်ဆိုင်ရာ     သုတေသန ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ်   ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ကိုယ်စား  ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် နှင့်    Guangzhou    Marine  Geological    Survey,    China Geological Survey,  Ministry of   Natural   Resources,    the  People’s Republic  of  China မှ Deputy Chief Geoscientist  Dr.Gaowen He တို့က အွန်လိုင်းမှ  Video  Message  ဖြင့် ဂုဏ်ပြု နှုတ်ခွန်းဆက် စကားပြောကြား ကြသည်။


ထို့နောက်     ရန်ကုန်တိုင်း ဒေသကြီး     လူမှုရေးရာဝန်ကြီး  ဦးအောင်ဝင်းသိန်းက အမှာစကား ပြောကြားပြီး     ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်      ဒေါက်တာ သာထွန်းမောင်က     ကျေးဇူးတင် စကားပြောကြားကာ    မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဒေါက်တာ စုန်ဟန်က    ဘူမိဗေဒဆိုင်ရာ သိမှတ်စရာများနှင့်    စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့      အဆင့်မြင့် ပညာဦးစီးဌာနမှ      ဌာနဆိုင်ရာ တာဝန်ရှိသူများ၊     တက္ကသိုလ် အသီးသီးမှ      ပါမောက္ခချုပ်များ က       ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။


အဆိုပါ Ocean and Earth Science ပညာရပ်ဆိုင်ရာ သုတေ သန    ပူးပေါင်းဆောင်ရွက်ရေး ညီလာခံကို နိုဝင်ဘာ ၂၆ ရက်အထိ Online–Offline   (Hybrid)ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဘူမိဗေဒ ဘာသာရပ်နှင့် ဆက်စပ်ဘာသာ ရပ်များမှ   ပြည်တွင်း   ပြည်ပ စာတမ်းရှင်များက စာတမ်းပေါင်း  ၁၅၆ စောင်ဖတ်ကြားကြမည်ဖြစ် ကြောင်း သိရသည်။


သတင်းစဉ်