ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်    နိုဝင်ဘာ    ၂၅


ဆောက်လုပ်ရေးဝန်ကြီးဌာန      Public   Works Department ၏ (၁၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန  စုဝေးခန်းမ ဆောင်၌     ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး


ရှေးဦးစွာ    အခမ်းအနား    ပထမပိုင်းအဖြစ် နေပြည်တော်  ဥတ္တရသီရိခရိုင်ရှိ   ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးဌာနခွဲ(Research Development Center)ကို ဒုတိယဝန်ကြီး   ဦးမင်းထိန်၊  ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)    ဦးမြင့်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ 
ထို့နောက်   ပြည်ထောင်စုဝန်ကြီး   ဦးရွှေလေး၊ အမြဲတမ်းအတွင်းဝန်(ငြိမ်း) ဦးဝင်းတင့်နှင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးခင်သက်တို့က သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲ    (Research    Development   Center)ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍    ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ (Research Development Center)အတွင်းရှိ Tensile Machine လက်တွေ့ စမ်းသပ်သရုပ်ပြသနေမှုနှင့် Concrete Room , Soil Lab တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။ 
စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး
ဆက်လက်၍ လမ်းဦးစီးဌာန  လမ်းခင်းပစ္စည်း အရည်အသွေး စမ်းသပ်ဓာတ်ခွဲခန်းကို ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်(ငြိမ်း) ဦးဝင်းဖေနှင့် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးအုန်းလွင်တို့က      စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ဓာတ်ခွဲခန်းအတွင်း        လက်တွေ့သရုပ်ပြသမှုအား လှည့်လည်ကြည့်ရှုကြသည်။


ယင်းနောက်     ဆောက်လုပ်ရေးဝန်ကြီးဌာန စာကြည့်တိုက်ဆိုင်းဘုတ်ကို ပြည်ထောင်စုဝန်ကြီး က ဖွင့်လှစ်ပေးပြီး  ပြည်ထောင်စုဝန်ကြီး၊  ဒုတိယ ဝန်ကြီးနှင့် ဧည့်သည်တော်များသည် စာကြည့်တိုက် အတွင်း ပြသထားသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၏  နိုင်ငံ့စွမ်းဆောင်ရည်  ဆုတံဆိပ်များ၊ ဦးစီးဌာန ငါးခုမှထားရှိသည့် နည်းပညာပိုင်းဆိုင်ရာ စာအုပ်များ၊ အင်ဂျင်နီယာ   ဘာသာရပ်ဆိုင်ရာ    စာအုပ်များ၊ သုတေသနဖွံ့ဖြိုးရေးစာတမ်းစာအုပ်များ၊  အဆောက် အအုံ၊ လမ်း၊ တံတား ဒီဇိုင်းနှင့် စံချိန်စံညွှန်းစာအုပ်များ၊ သုတ၊ ရသစာအုပ်များ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ဆောင်းပါးများ၊ အထွေထွေဗဟုသုတရရှိစေမည့်  စာအုပ်၊  စာစောင် များကို ကြည့်ရှုကြသည်။
ဆက်လက်ကျင်းပ
ဆက်လက်၍    ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ဒုတိယ ပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယနေ့ဆောက်လုပ်ရေးဝန်ကြီးဌာန၏ (၁၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဂုဏ်ပြုသည့်အနေဖြင့်     နေပြည်တော်ကောင်စီ နယ်မြေ၊     ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ Research & Development Center ကို ဖွင့်လှစ်ခြင်း၊ လမ်းဦးစီးဌာန၊    လမ်းခင်းပစ္စည်း    အရည်အသွေး စမ်းသပ်ဓာတ်ခွဲခန်းကို   ဖွင့်လှစ်ခြင်း၊   ဆောက်လုပ် ရေးဝန်ကြီးဌာန စာကြည့်တိုက်ကို ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။
ဂုဏ်ပြုပေးသွားမည်


ယနေ့အခမ်းအနားတွင် ဝန်ကြီးဌာန၏ ထူးချွန် သူများ၊ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်သူများကို လည်း ဂုဏ်ပြုပေးသွားမည်ဖြစ်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည်    သမိုင်း ကြောင်းရှည်လျားစွာ မားမားမတ်မတ် ရပ်တည်လာ ခဲ့သော ဌာနကြီးတစ်ခုဖြစ်ပြီး နိုင်ငံတော်၏ အားကိုး အားထားပြုနိုင်သည့်၊  ပြည်သူလူထုက  ယုံကြည် အားကိုးသည့် ဂုဏ်သိက္ခာရှိသောဝန်ကြီးဌာနအဖြစ် နောင်နှစ်ပေါင်းများစွာ      ဆက်လက်ဖြစ်တည်နိုင်ရေး အတွက် ယခုတာဝန်ထမ်းဆောင်နေသူ အရာထမ်း/ အမှုထမ်းများမှ နောင်မျိုးဆက်သစ်များကို တိုးတက် ပြောင်းလဲလာသည့်  ခေတ်နှင့်အညီ  အရည်အချင်း ပြည့်မီသူများအဖြစ် ပြုစုပျိုးထောင်၍  ခေတ်အဆက် ဆက်  ပခုံးပြောင်းတာဝန်များ  လွှဲပြောင်းထမ်းဆောင် သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက်   ဒုတိယဝန်ကြီး   ဦးမင်းထိန်က ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့  တက်ရောက်ခဲ့ပြီး  ဒုတိယဆုရရှိသူတစ်ဦးကို လည်းကောင်း၊  ဦးစီးဌာနများမှ လုပ်ငန်းခွင်အတွင်း စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဝန်ထမ်း များကိုလည်းကောင်း   ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်


ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းထိန်က ရုံးချုပ် နှင့် တိုင်းဒေသကြီး/ပြည်နယ် ၁၇ ခုတို့မှ နည်းပညာ ဆိုင်ရာ စာတမ်းဖတ်ပွဲတွင် ထူးချွန်ဆုရရှိသူများကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးအောင်မြင့်ဦး က နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲတွင် စာတမ်း ဖတ်ကြားသည့် ပြည်ထောင်စုဝန်ကြီးရုံး၊ အဆောက် အဦ ဦးစီးဌာန၊   လမ်းဦးစီးဌာန၊   တံတားဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်    ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ စာတမ်းရှင် ၃၄ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။ 
ယင်းနောက်   ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏  သမိုင်းကြောင်း နှင့် ပြည်ထောင်စုဝန်ကြီးရုံး၊  အဆောက်အဦဦးစီး ဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊  မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် တိုးတက်မှုအခြေအနေတို့ကို Video Clip ဖြင့် ပြသ သည်။


ထို့နောက်    ပြည်ထောင်စုဝန်ကြီး၊    ဒုတိယ ဝန်ကြီးနှင့် ဧည့်သည်တော်များသည် ဆောက်လုပ် ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ်   ခင်းကျင်းပြသထားသည့် အဆောက်အအုံ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဆောင်ရွက် ခဲ့သော    မှတ်တမ်းဓာတ်ပုံများနှင့်   ပုံစံငယ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်