
နေပြည်တော် နိုဝင်ဘာ ၂၅
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ ရေခဲ ပြင်များ အရည်ပျော်ပြီး ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာခြင်း ကြောင့် အိန္ဒိယသမုဒ္ဒရာဒေသ အတွင်း ကမ်းရိုးတန်းဧရိယာများ တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာပြီး ရေလွှမ်းမိုး မှုများနှင့် ဒီရေတောပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဒီရေတောများသည် ကုန်းမြေ နှင့် ပင်လယ်ကြားတွင် အကာ အကွယ်ဖြစ်ပြီး စီးပွားရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို အထောက် အကူပြုသည့်အပြင် ရှားပါး မျိုးစိတ်အချို့အတွက်လည်း ခိုလှုံ ရာ နေရာဖြစ်သည်။ ယနေ့အချိန် တွင် ဒီရေတောများ ပြုန်းတီး ပျက်စီးမှုများကြောင့် ကမ်းခြေ ရေတိုက်စားမှုများ၊ မကြာခဏ ရေလွှမ်းမိုးမှုများနှင့် ရေသယံ ဇာတပျက်စီးမှုများ စသည့် သဘာဝဘေးအန္တရာယ်များ ပိုမို ကြုံတွေ့လာရသည်။
ထိုကဲ့သို သဘာဝဘေး အန္တရာယ် ကျရောက်မှုများကို ကြိုတင်ကာကွယ်နိုင်ရန်၊ ကမ်းရိုး တန်း သဘာဝသယံဇာတ ထိန်းသိမ်းရေးအတွက် အထောက် အကူပြုစေရန် ရည်ရွယ်၍ ရေတပ် စခန်းဌာနချုပ်များနှင့် ရေယာဉ်စု များအလိုက် ဒီရေတောပင် စိုက်ပျိုးပွဲ အခမ်းအနားကို သက်ဆိုင်ရာ ဌာနချုပ်များနှင့် ရေယာဉ်စုများတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားများတွင် တပ် မတော်(ရေ)မှ အရာရှိ၊ စစ်သည် များနှင့် မိသားစုများက သတ်မှတ် နေရာအသီးသီးတွင် ဒီရေတော ပျိုးပင်များကို စိုက်ပျိုးခဲ့ကြပြီး ၂၀၂၁ ခုနှစ်အတွင်း ဒီရေတောပင် စုစုပေါင်း ၁၃၀၉၀ အား စိုက်ပျိုး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်