သုတဝေဖြာ သီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်တွင် လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မှုကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

 

နေပြည်တော်  နိုဝင်ဘာ  ၂၄ 


သုတဝေဖြာ သီရိဂေဟာမိသားစုပြိုင်ပွဲ   အသိပညာပေးအစီအစဉ် (Family Quiz)       ပွဲစဉ် (၄၂) ကို    နိုဝင်ဘာလ ၂၆   ရက်နေ့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ    ဆက်လက်ထုတ်လွှင့်မည်ဖြစ် သည်။ 

 


အဆိုပါ  ပွဲစဉ်(၄၂)၏    ကိုဗစ်-၁၉ ဆိုင်ရာ    အသိပညာပေး အစီအစဉ်ကို တင်ဆက်သူ ရဲထိုက်နှင့် ယဉ်လက်တို့က တင်ဆက် ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့်  ကိုလူချောတို့အဖွဲ့မှ မိသားစု များက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို နိုဝင်ဘာလ (၂၆၊ ၂၇၊ ၂၈)ရက်နေ့များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။                             

သတင်းစဉ်