နိုင်ငံတော်ယန္တရား ကောင်းမွန်စွာလည်ပတ်နိုင်စေရေး နိုင်ငံ့ဝန်ထမ်းများက မိမိတို့၏အရည်အသွေးတိုးတက်စေရေး ဆောင်ရွက်ကြရမည်

 

နေပြည်တော်   နိုဝင်ဘာ   ၂၄


တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊    ဝန်ထမ်းများ၏ အရည်အသွေး     မြှင့်တင်ရေး အတွက် အသိပညာပေးဆွေးနွေး ပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။

 


ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့်  တာဝန်ရှိသူ များ၊  ကချင်ပြည်နယ်၊   ကယား ပြည်နယ်၊   ကရင်ပြည်နယ်နှင့် ချင်းပြည်နယ် ညွှန်ကြားရေးမှူး ရုံးများမှ စာတမ်းဖတ်ကြားမည့် အရာထမ်းများနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်များမှ တာဝန်ခံများ က Online စနစ်ဖြင့် တက်ရောက် ကြသည်။

 


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် နယ်ပယ်အလိုက်   လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရန်       စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးသွားမည် ဖြစ်ပြီး   ဝန်ထမ်းများအနေဖြင့် လည်း   မိမိတို့၏   သက်ဆိုင်ရာ ပညာရပ်ကဏ္ဍအလိုက် လုပ်ငန်း ကျွမ်းကျင်  တတ်မြောက်စေရန်၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိစေရန် နှင့်      အခြားသူများကိုလည်း အသိပညာပေးခြင်း၊   အမြင်ချင်း ဖလှယ်ခြင်းများ      ရှိစေရန်နှင့် အချိန်နှင့်တစ်ပြေးညီ မိမိကိုယ်ကို အရည်အသွေး  တိုးတက်အောင် ကြိုးစားနေကြရမည်     ဖြစ်ပါ ကြောင်း၊     နိုင်ငံတော်ယန္တရား ကောင်းမွန်စွာ  လည်ပတ်နိုင်စေ ရေးအတွက် နိုင်ငံ့ဝန်ထမ်းများက တာဝန်ယူ   ဆောင်ရွက်ပေးရသူ များဖြစ်သည့်     အားလျော်စွာ မိမိတို့၏အရည်အသွေးကို ယခု ထက်မက       တိုးတက်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 


နိုင်ငံတော်နှင့်    ပြည်သူများ အတွက်   အကျိုးရှိနိုင်မည့်  အရာ များကို   သိရှိစေရန်  ယခုကဲ့သို့ ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးနှင့် အသိပညာပေး ဆွေးနွေးပွဲမှ        ရရှိလာမည့် အသိပညာ       ဗဟုသုတများကို ဝန်ထမ်းအချင်းချင်း       မျှဝေ ဖလှယ်ခြင်းဖြင့် မိမိတို့၏ အရည် အသွေးများ ပိုမိုတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မိမိ၏စံနှုန်းများကို တိုးတက်နေအောင် အမြဲကြိုးစား လေ့လာခြင်းအားဖြင့် ဝန်ကြီးဌာန အတွက်သာမက  နိုင်ငံနှင့်လူမျိုး ကောင်းကျိုးအတွက်   ဝိုင်းဝန်း ကြိုးစားကြပါရန်    တိုက်တွန်း ပြောကြားသည်။
ယင်းနောက်  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများ အနေဖြင့် မိမိတို့လုပ်ငန်းတာဝန် များကို    ကျွမ်းကျင်မှုရှိစေရန်၊ စနစ်ကျနမှုရှိစေရန်၊   ခံနိုင်ရည် ရှိစေရန်၊    စည်းလုံးညီညွတ်မှု ရှိစေရန်     လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ အသိပညာပေးဆွေးနွေး ပွဲများကို     ဦးစီးဌာနအလိုက် ဆက်လက်   ဆောင်ရွက်ရန်နှင့် ဆွေးနွေးသည့်အခါ    ဆန်းသစ် သော ခေါင်းစဉ်များ ရွေးချယ်စေ လိုပါကြောင်း၊      တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အလွန် အရေးကြီးပါသဖြင့်   ယခုကဲ့သို့ အသိပညာပေး   ဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့်   တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို    ဖော် ဆောင်ရာ      ရောက်ပါကြောင်း ပြောကြားသည်။               

 


ဆက်လက်၍ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးခင်မောင်ထွန်းက ရှမ်းတိုင်းရင်း သား  (၁၂)လရာသီပွဲတော်များ စာတမ်းကိုလည်းကောင်း၊ ကယား ပြည်နယ်  ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နီနီမင်းသိန်းက ကယားပြည်နယ်     စီးပွားဖွံ့ဖြိုး တိုးတက်မှုအား အထောက်အကူ ဖြစ်စေနိုင်သော ခရီးသွားလုပ်ငန်း စာတမ်းကိုလည်းကောင်း၊ ကရင် ပြည်နယ်  ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်သီရိအောင် က ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ စာတမ်းကိုလည်းကောင်း၊   ချင်း ပြည်နယ်  ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ   ဒေါ်ကိုင်းဂိုးမန်းက ဇိုမီးတိုင်းရင်းသားတို့၏  ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု    စာတမ်းကို လည်းကောင်း၊    တိုင်းရင်းသား စာပေနှင့်   ယဉ်ကျေးမှုဦးစီးဌာန (ရုံးချုပ်)၊ စာပေနှင့် ဘာသာစကား ဌာနခွဲမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ငြိမ်းငြိမ်းဝင့်က စကား စာပေမှသည် ငြိမ်းချမ်းရေးဆီသို့ စာတမ်းကိုလည်း ကောင်း Power Point  ဖြင့်   ဖတ်ကြားတင်ပြ ကြသည်။

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးက စာတမ်းတင်ပြမှုများ အပေါ်    သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား   ပြောကြား ခဲ့ကြောင်း သိရသည်။


သတင်းစဉ်