မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကျင်းပ

 

သတင်းမီဒီယာလုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်းများသည် လူတစ်စုအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက် 
မဖြစ်စေရဘဲ တစ်မျိုးသားလုံးအကျိုး၊ နိုင်ငံတော်အကျိုးအတွက်သာ ဖြစ်စေရမည်

 

နေပြည်တော်  နိုဝင်ဘာ   ၂၄


မြန်မာနိုင်ငံ   သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး     သဘင်ဆောင်၌  ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား  ပြောကြားသည်။ 


အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးသိန်းညွန့်၊  မန်းငြိမ်းမောင်၊   ဒေါ်အေးနုစိန်၊    ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊  ပြည်ထောင်စုတရားသူကြီးချုပ်     ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်     ဥက္ကဋ္ဌ          ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ    ဦးအုန်းမောင်(မြင်းမူ-မောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီအဖွဲ့ဝင်များ၊   အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ကြသည်။


ဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့်   မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့်   တွဲဖက် အတွင်းရေးမှူးများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ ရှေ့မှောက်၌ ကတိသစ္စာ ပြုကြသည်။


ထူးခြားလေးနက်သော နေ့တစ်နေ့ဖြစ်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်က      အမှာစကား ပြောကြားရာတွင် ယနေ့သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုသည့်နေ့ဖြစ်သည့် အတွက် သတင်းမီဒီယာလောကအတွက်သာမက နိုင်ငံတော်အတွက်ပါ    ထူးခြားလေးနက်သောနေ့ တစ်နေ့ဖြစ်ကြောင်း၊ သတင်းမီဒီယာကောင်စီကို ဒီမိုကရေစီနိုင်ငံအများစုတွင် အသွင်အမျိုးမျိုးဖြင့် တွေ့မြင်ကြရမည်ဖြစ်ပြီး   မီဒီယာလောက  ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်၏ အင်္ဂါရပ် တစ်ခုဟု ပြောကြရမည်ဖြစ်ပါကြောင်း။


ယခုကဲ့သို့   သတင်းမီဒီယာကောင်စီများကို ဖွဲ့စည်းကြရသည့် ရည်ရွယ်ချက်ကို ပြန်လည်ဆန်းစစ် ကြည့်မည်ဆိုပါက သတင်းမီဒီယာလွတ်လပ်ခွင့်များ ကို   ကာကွယ်ပေးရန်နှင့်   သတင်းမီဒီယာသမား များ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ပေးရန်ဖြစ်သည်ဟု ယေဘုယျအားဖြင့် နားလည်ထားကြပါကြောင်း၊   အမှန်တကယ်တွင် သတင်းမီဒီယာကောင်စီ  ဖွဲ့စည်းရသည့် ရည်ရွယ် ချက်သည် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်း မီဒီယာသမားများ၏ အကျိုးစီးပွားအတွက်သာမက ပြည်သူများ၏ အကျိုးစီးပွားနှင့်   အခွင့်အရေးများ ကိုပါ အကာအကွယ်ပေးရန်ဖြစ်ပါကြောင်း၊ တစ်နည်း အားဖြင့် သတင်းမီဒီယာကောင်စီသည်    သတင်း မီဒီယာသမားများ သတင်းအချက်အလက် လွတ်လပ် စွာ ရယူဖြန့်ဖြူးခွင့်ရရှိရန်အတွက် ကူညီဆောင်ရွက် ပေးရမည်ဖြစ်သကဲ့သို့ မှန်ကန်တိကျသည့် သတင်း အချက်အလက်များကို ပြည်သူများ ရရှိရေးအတွက် လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည် ဟု အသိပေး ပြောကြားလိုပါကြောင်း။


တည့်တည့်မတ်မတ် ရှေးရှုဆောင်ရွက်


လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံသားပြည်သူများအတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဆိုသည့် မဏ္ဍိုင်ကြီး(၃)ရပ်သည် ပြည်သူတစ်ရပ်လုံး၏ အကျိုး စီးပွားကို  တည့်တည့်မတ်မတ်    ရှေးရှုဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊  ယင်းမဏ္ဍိုင်ကြီး (၃)ရပ် အစဉ်အမြဲတည့်မတ်နေစေရေးအတွက်       အရည် အချင်းပြည့်ဝပြီး သမာသမတ်ရှိသည့် မီဒီယာအားလုံး က စောင့်ကြပ်ကြည့်ရှု၍     စေတနာမှန်မှန်ဖြင့် ထောက်ပြခြင်း၊ ဝေဖန်ခြင်း၊ အကြံပြုခြင်းစသည် များနှင့် မူလမဏ္ဍိုင်ကြီး(၃)ရပ် မယိမ်းမယိုင်ရအောင် ကျားကန်ထောက်မ   ပေးနေရမည်ဖြစ်ပါကြောင်း၊ ယင်းသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာ များ၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊  ထို့ကြောင့် မိမိအနေဖြင့်   တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်စဉ်ကတည်းက     မီဒီယာကို တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြု ကြောင်း မကြာခဏ   ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်ပါကြောင်း။


မိမိတို့အနေဖြင့်    သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍကို အလေးထားသကဲ့သို့ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   စိတ်ဆန္ဒပြင်းပြသည် ဆိုသည်ကို   မိမိနှင့်   သတင်းမီဒီယာကောင်စီတို့ တွေ့ဆုံခဲ့မှုများကို ပြန်ကြည့်လျှင်  သိမြင်နိုင်မည် ဖြစ်ပါကြောင်း၊ ပြန်လည်အမှတ်ရအောင် ပြောကြား ရမည်ဆိုပါက သတင်းမီဒီယာကောင်စီနှင့် ၂၀၁၄ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၆ ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင် နှစ်ကြိမ်တွေ့ဆုံ ခဲ့ပြီး   တပ်မတော်နှင့်  သတင်းမီဒီယာသမားများ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း။


အထူးပင်အလေးထား


မိမိတို့နိုင်ငံသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုကို  တည်ဆောက်နေ သည့် နိုင်ငံဖြစ်သည်နှင့်အညီ   သတင်းမီဒီယာ၏ အခန်းကဏ္ဍကို အထူးပင်အလေးထားပါကြောင်း၊ ထို့ကြောင့်လည်း ပြည်သူကရွေးချယ်တင်မြှောက် သည့်    ဒီမိုကရေစီအစိုးရ  ပထမသက်တမ်းကာလ ၂၀၁၄ ခုနှစ်တွင် စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက် ရေး၊ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းမီဒီယာဥပဒေကို  ပြဋ္ဌာန်းပေးခဲ့ပါကြောင်း၊ အဆိုပါသတင်းမီဒီယာဥပဒေ၏  ရည်ရွယ်ချက်ထဲ တွင် “သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင် အဖြစ် ပီပြင်စွာရပ်တည်နိုင်စေရန်”ဟု အတိအလင်း ဖော်ပြထားသည်ကိုကြည့်ပါက နိုင်ငံတော်၏ သတင်း မီဒီယာလောကအပေါ်    လေးစားတန်ဖိုးထားမှု၊ ယုံကြည်အားကိုးမှု အတိုင်းအတာကို သိရှိနားလည် နိုင်မည် ဖြစ်ပါကြောင်း။


ဖြည့်ဆည်းပေးသွားမည်


မိမိကိုယ်တိုင်လည်း မီဒီယာ၏အခန်းကဏ္ဍကို အထူးစိတ်ဝင်စားသကဲ့သို့ မီဒီယာကဏ္ဍ တိုးတက် မြင့်မားရေးနှင့် ပတ်သက်လျှင်လည်း တတ်နိုင်သည့် ကိစ္စရပ်များအားလုံး   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ခြင်းများရှိပါကြောင်း၊ သတင်းမီဒီယာလောကကို သတင်းမီဒီယာကျင့်ဝတ်များနှင့်အညီ ပြည်သူလူထု ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူ ပြုစေရန်၊ သတင်းနှင့်   မီဒီယာအခန်းကဏ္ဍဆိုင်ရာ နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက် စေရန်၊  မြန်မာ့မီဒီယာလောကသည် နိုင်ငံတကာ စံနှုန်း၊ ကျင့်ဝတ်များနှင့်အညီ    ခေတ်မီ မီဒီယာ နည်းပညာများကို   သင်ယူလေ့လာနိုင်ခွင့်ရရှိစေရန် အတွက် ဆက်လက်ကြိုးပမ်းဖြည့်ဆည်းပေးသွား မည်ဟု ပြောကြားလိုပါကြောင်း။


နိုင်ငံတစ်နိုင်ငံ၏     စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာသည် ဒီမိုကရေစီစနစ်အတွက်  ဖော်ထုတ် ရေးသားပြောဆိုခွင့်ကို တိုးမြှင့်ဆောင်ရွက်ရာတွင် အဓိကကျသည့်   အခန်းကဏ္ဍက ပါဝင်ရုံသာမက ပြည်သူတစ်ဦးချင်းစီအတွက်  သိသင့်သိထိုက်သင့် သည့် ဗဟုသုတအချက်အလက်များ  ဖြန့်ဝေပေးခြင်း အားဖြင့် အစိုးရ၏ပွင့်လင်းမြင်သာမှုကို  တိုးတက် အောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ မီဒီယာသမား များ၏ ဗဟုသုတကြွယ်ဝမှုသည်လည်း အရေးကြီး ပါကြောင်း။


ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊  သမိုင်းကြောင်း အပါအဝင် နိုင်ငံ၏အခြေအနေ အရပ်ရပ်၊ ကမ္ဘာ့အခြေ အနေအရပ်ရပ်များကို   သိရှိနားလည်ထားမည်ဆို ပါက မိမိလုပ်ငန်းအတွက် များစွာအထောက်အကူရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်   ဖတ်ရှုလေ့လာ မှတ်သားခြင်းများ အမြဲပြုလုပ်နေရန်လိုပါကြောင်း၊ ထိုသို့လုပ်ဆောင်မှသာလျှင်  ပြည်သူကို  မျှဝေနိုင် မည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း လူမျိုးစွဲ၊ ဝါဒစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိဘဲ၊ နိုင်ငံရေး ဝါဒမှိုင်းမမိဘဲ   သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ရပ်တည်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ နိုင်ငံတော်အစိုးရနှင့် ပြည်သူ တို့က ယုံကြည်လေးစားအားကိုးရသည့်   သတင်း မီဒီယာသမားများအဖြစ်  ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်မည်ဖြစ်ပါကြောင်း။


သို့သော် မျက်မှောက်ကာလ၌ တွေ့ရှိနေရသည် မှာ  ပဋိပက္ခများ၊    သဘောထားကွဲပြားမှုများကို ပြေလျော့သွားအောင် လုပ်ရမည့်အစား မီးလောင်ရာ လေပင့်သကဲ့သို့ ပိုမိုအားကောင်းလာအောင် လုပ်ပေး နေကြပါကြောင်း၊ ယင်းအခြေအနေမျိုးကို ဒီမိုကရေစီ အသွင်ကူးပြောင်းစနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် အများအပြား တွေ့မြင်နေကြရပါကြောင်း။
လိုအပ်သလို ထိန်းကျောင်း
သတင်းမီဒီယာသမားများသည် သတင်းအချက် အလက်ကို အခြေခံပြီး အမှန်တရားကို ဖော်ထုတ်သူများဖြစ်ရမည်ဖြစ်ပါကြောင်း၊ သတင်းစာဆရာကြီး ဦးထွန်းဖေက စစ်မှန်သည့်  သတင်းမီဒီယာသမား၊ တာဝန်သိသည့်      သတင်းမီဒီယာသမားများကို တိုင်းပြည်၏ ကြီးလေးသောတာဝန်ကို ထမ်းဆောင် နေကြသည့် “ပြည်ကြီးပခုံး” “ပြည်ကြီးမျက်လုံး” များ ဖြစ်သည်ဟု ပြောကြားခဲ့ပါကြောင်း၊   ယနေ့ အချိန်တွင် ယင်းကဲ့သို့စစ်မှန်မှုမရှိဘဲ  ဘက်လိုက် ရေးသားသည့် သတင်းမီဒီယာသမားများ၊ ကျင့်ဝတ် သိက္ခာမဲ့သည့် သတင်းမီဒီယာသမားများ၊ နိုင်ငံနှင့် လူမျိုး၏အကျိုးစီးပွားကို မကြည့်ဘဲ တိုင်းတစ်ပါး ၏ ကြိုးဆွဲရာ ရေးသားဖော်ပြနေသည့် မီဒီယာသမား များ များစွာရှိနေသည့်အတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် လိုအပ်သလို ထိန်းကျောင်း ပြုပြင်ဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း။


စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့


အခါအခွင့်သင့်သဖြင့် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်ကို အနည်းငယ်ပြောကြားလိုပါ ကြောင်း၊ အားလုံးသိကြသည့်အတိုင်း  လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က တပ်မတော်က ဦးစီးဦးဆောင် ပြုပြီး ပါတီစုံဒီမိုကရေစီစနစ်ကို   အောင်မြင်စွာ ကူးပြောင်းပေးခဲ့သကဲ့သို့      ဒီမိုကရေစီစနစ်နှင့် လိုက်ဖက်မည့် အင်စတီကျူးရှင်းများကိုလည်း စနစ် တကျ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ နိုင်ငံသည်  ဒီမိုကရေစီစနစ်ကို    ကူးပြောင်းခဲ့ပြီး ဖြစ်သည်ဟု ဆိုနိုင်သော်လည်း အများစုသည် ဒီမို ကရေစီစနစ်နှင့်     ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု (Democratization)ကို ကွဲကွဲပြားပြား နားလည် သိရှိရန် လိုအပ်နေပါကြောင်း။
ပြီးပြီးရော ပြောင်းလဲပေး၍မရ
ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအုပ်ချုပ် သည့်စနစ်ဟု အလွယ်ပြောနိုင်သော်လည်း  ယင်း စနစ်ကို ကျင့်သုံးဆောင်ရွက်ရန်အတွက် Democra-tization ဟု ခေါ်သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့်   ဗဟိုဦးစီး အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းကြသည့်အခါ ချက်ချင်းလက်ငင်း ပြီးပြီး ရော ပြောင်းလဲပေး၍မရဘဲ အဆင့်ဆင့် ကူးပြောင်း ရသည်ကို Democratization ဟု  ခေါ်ဆိုကြခြင်း ဖြစ်ပါကြောင်း။


ကမ္ဘာ့နိုင်ငံအသီးသီးတွင်  Democratization ပုံစံမျိုးစုံရှိကြသော်လည်း မိမိတို့နိုင်ငံ၏ ကူးပြောင်း မှုပုံစံသည် တိုင်းပြည်၏ပကတိအခြေအနေနှင့် လူမှု စီးပွား ဖြစ်ထွန်းမှုများ၊ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဓလေ့ဖွံ့ဖြိုးမှုများ အပေါ် တွင် အခြေခံစဉ်းစားပြီး နိုင်ငံ၏ပကတိအခြေအနေနှင့်ကိုက်ညီပြီး ပြည်သူလူထု၏ဆန္ဒဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ၂၀၀၈ ခုနှစ်   ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကူးပြောင်းပေး ခဲ့သည့် ဖြစ်စဉ်ကြီး ဖြစ်ပါကြောင်း၊ တစ်နည်းအား ဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ နိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်များ အတွက် မပျက်မကွက်  လိုက်နာဆောင်ရွက်ရမည့် အသက်ခန္ဓာကြီးတစ်ခု ဖြစ်သည်ဆိုသည်ကို   နိုင်ငံ ရေးတွင် ပါဝင်ပတ်သက်ကြသည့် ပုဂ္ဂိုလ်များအားလုံး သိရှိထားကြပြီး ဖြစ်ပါကြောင်း။
ယနေ့အချိန်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်ကို အရေးပေါ်အခြေ အနေကြေညာပြီး နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို တပ်မတော်အား လွှဲအပ်တာဝန်ပေးချက်အရ တာဝန် ယူ ဆောင်ရွက်နေချိန် ဖြစ်ပါကြောင်း၊  တပ်မတော် အနေဖြင့် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို လွှဲပြောင်း ရယူပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်လုပ်ဆောင်နေပါကြောင်း၊ ယင်းလုပ်ငန်း စဉ်(၅)ရပ်သည်မိမိတို့နိုင်ငံ၏  အခြေအနေအချိန်အခါနှင့်  ကိုက်ညီ သည့်   လုပ်ငန်းစဉ်များ ဖြစ်သည့်အတွက် အောင်မြင် အောင် ဆောင်ရွက်ရန်   သန္နိဋ္ဌာန်ချမှတ်ထားပြီး ဖြစ်သည်ကိုလည်း အသိပေးပြောကြားလိုပါကြောင်း။


ထို့အပြင် တပ်မတော်အနေဖြင့် နိုင်ငံတော်ကို တရားမျှတသော၊ ငြိမ်းချမ်းသော၊   ဖွံ့ဖြိုးတိုးတက် သော တိုင်းပြည်တစ်ခုဖြစ်အောင် ဝိုင်းဝန်းထူထောင် ဆောင်ရွက်ပေးနေချိန် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့အခြေ အနေတွင်    ပြည်ပပယောဂအနှောင့်အယှက်များ ကင်းရှင်းစေရန်နှင့် ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များကို တရားဥပဒေဘောင်အတွင်းက အေးချမ်းတည်ငြိမ် စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်   တိုက်တွန်း ပြောကြားလိုပါကြောင်း၊  ဆူပူအုံကြွမှုများကို ဖန်တီး ပြီး   အကြမ်းဖက်လမ်းစဉ်များဖြင့်     တိုင်းဖျက် ပြည်ဖျက် ဆောင်ရွက်နေမှုများကိုလည်း ဝိုင်းဝန်းဆန့်ကျင်ဟန့်တားပေးကြရန်      လိုအပ်သည်ဟု ပြောကြားလိုပါကြောင်း။


အနည်းဆုံး နှစ်လတစ်ကြိမ် ကျင်းပ


သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာကောင်စီ ၏ အဓိကလုပ်ငန်းစဉ်များကို   ပြန်ကြည့်မည်ဆို ပါက ဥပဒေနှင့်အညီ လွတ်လပ်စွာရေးသားဖြန့်ချိခွင့်၊ ထုတ်လွှင့်ရရှိရေးကို ဆောင်ရွက်ပေးခြင်း၊ သတင်း မီဒီယာသမားများ လိုက်နာရမည့်တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းနှင့်  ကျင့်စဉ်များကို   လိုက်နာခြင်းမရှိ သော     စာနယ်ဇင်းသမားများအား       အငြင်းပွားမှုနှင့် တိုင်ကြားမှု     ညှိနှိုင်းဖြေရှင်းရေးကော်မတီက သတ်မှတ်ပေးသည့်  လုပ်ငန်းတာဝန်များနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ စိစစ်ခြင်း၊ ကောင်စီဝင်အားလုံး တက်ရောက်သော    နှစ်ပတ်လည်အစည်းအဝေး အစီရင်ခံစာပြုစုခြင်း၊ ဘဏ္ဍာရေးကိစ္စ ညှိနှိုင်းခြင်း တို့ကိုပြုလုပ်ပြီး   နိုင်ငံတော်အကြီးအကဲထံ အစီရင် ခံစာတင်ပြခြင်း၊     ကောင်စီဝင်အားလုံးပါဝင်သော အစည်းအဝေးကို အနည်းဆုံး နှစ်လတစ်ကြိမ် ကျင်းပ ခြင်းဟူသည့်အချက်များကို   တွေ့ကြရမည်ဖြစ်ပါကြောင်း။


အောင်မြင်အောင် ဖော်ဆောင်


ယခုဖွဲ့စည်းထားသည့်   မြန်မာနိုင်ငံ  သတင်း မီဒီယာကောင်စီတွင် စာနယ်ဇင်းဆိုင်ရာ နယ်ပယ် အသီးသီးမှပုဂ္ဂိုလ်များ၊ တတ်သိပညာရှင်များ ပါဝင် ကြသည့်အတွက် သတင်း၊   သတင်းမီဒီယာလောက အကျိုး၊ နိုင်ငံတော်နှင့်   နိုင်ငံသားများအကျိုးကို အောင်မြင်အောင် ဖော်ဆောင်နိုင်ကြမည်ဟု ယုံကြည် ပါကြောင်း။


ပြောင်းလဲလုပ်ဆောင်


မိမိအနေဖြင့် မှာကြားလိုသည်မှာ သတင်းမီဒီယာ လုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်းများသည်   လူတစ်စု အတွက်၊ အဖွဲ့အစည်းတစ်ခုအတွက် မဖြစ်စေရဘဲ တစ်မျိုးသားလုံးအကျိုး၊ နိုင်ငံတော်အကျိုးအတွက် သာ ဖြစ်စေရမည်ဖြစ်ပါကြောင်း၊ စာနယ်ဇင်းသမား တစ်ဦးချင်း၏ ပုဂ္ဂလဓိဋ္ဌာန်ဖြစ်ပေါ်မှုများမှ ဓမ္မဓိဋ္ဌာန် ဖြစ်မှုကို ပြောင်းလဲလုပ်ဆောင်သွားကြရန်   အထူး လိုအပ်လှပါကြောင်း။


ယနေ့ခေတ်တွင်     မီဒီယာကဏ္ဍကို   ပြောမည် ဆိုပါက သမားရိုးကျမီဒီယာ (Traditional Media)  ဟုပြောရမည်ဖြစ်သည့် ရုပ်မြင်သံကြား၊   ရေဒီယို၊ သတင်းစာအပါအဝင်    ပုံနှိပ်မီဒီယာများသာမက မီဒီယာအသစ် (New Media)ဟု ခေါ်နေကြသည့် လူမှုမီဒီယာကွန်ရက်(Social Media)များ၏ အချိန် တို အတွင်း၌ တွင်တွင်ကျယ်ကျယ် ထိရောက်ပျံ့နှံ့လာ မှုကိုလည်း  အကျိုးရှိစွာအသုံးပြုနိုင်ရန် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများကို ဒီမိုကရေစီနှင့် ပတ်သက်သည့် အသိပညာများ၊ အတွေးအခေါ်များ ရှိစေရန်နှင့်    လူငယ်လူရွယ်အားလုံး     ပညာရေး လမ်းကြောင်းပေါ်တွင်      ကောင်းမွန်မှန်ကန်စွာ ရပ်တည်နိုင်ပြီး ခေတ်ပညာတတ်  လူငယ်များဖြစ် အောင် ဆောင်ရွက်ကြရာတွင် မီဒီယာများ၏ပံ့ပိုးမှု၊ စေ့ဆော်မှု၊ တိုက်တွန်းမှု၊ လမ်းညွှန်ပြသမှုများသည် ထိရောက်သည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို အသိပေးပြောကြားလိုပါကြောင်း၊ ယနေ့ အချိန်အခါ တွင် လူငယ်များအားလုံး   ပညာတတ်ဖြစ်စေရေး သည် နိုင်ငံအတွက် အထူးအရေးကြီးသည့် အချိန် ဖြစ်သည်ဟု ပြောလိုပါကြောင်း။


ပဓာနကျသည့် မဏ္ဍိုင်ကြီးတစ်ခုဖြစ်


ထို့ကြောင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများအနေဖြင့် ပစ္စုပ္ပန်ကာလတွင် နိုင်ငံတော် တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ပြည်သူများ၏ လူမှုအကျိုးစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မီဒီယာ၏အခန်းကဏ္ဍသည် အဓိကထောက်တိုင် ကြီးတစ်ခု ဖြစ်နေသကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အနာဂတ်ကိုဦးဆောင်မည့် မျိုးဆက်များကို မှန်ကန် သည့်အသိအမြင်၊ အတွေးအခေါ်များရှိသည့် ပညာ တတ် မျိုးဆက်များအဖြစ် ပြုစုပျိုးထောင်ပေးနိုင် ရေးသည်လည်း ပဓာနကျသည့် မဏ္ဍိုင်ကြီးတစ်ခု ဖြစ်နေသည်ဟု ပြောကြားလိုပါကြောင်း။


သတင်းမီဒီယာလောက    ဖွံ့ဖြိုးတိုးတက်ရန် အတွက်  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကြီး အားကောင်းမောင်းသန်နေရန်  လိုအပ်ပါကြောင်း၊ သတင်းမီဒီယာကောင်စီ    တည်ရှိနေခြင်းသည် သတင်းမီဒီယာသမားများ၏ အခွင့်အရေးနှင့် အကျိုး စီးပွား၊ ပြည်သူလူထု၏ အခွင့်အရေးနှင့် အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်သည့်အတွက် ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး    နိုင်ငံနှင့်ပြည်သူ အကျိုးကို ဦးထိပ်ထားသည့် သတင်းမီဒီယာလောက ဖြစ်ပေါ်လာအောင် ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး အမှီအခိုကင်းကင်း၊     အနှောင်အဖွဲ့ ကင်းကင်း၊    အရောင်အသွေးကင်းကင်းနှင့် သတင်း မီဒီယာလောကအကျိုးကို ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊  သတင်းတု၊   သတင်းမှားများ၊  အမုန်း စကားများ၊   ကောလာဟလများ    ထုတ်လွှင့်ပြီး တိုင်းပြည်မငြိမ်သက်စေရန်၊     ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော်ထုတ်လွှင့်မှုများ မပြုလုပ်ကြရေး ဝိုင်းဝန်းဆန့်ကျင် တားမြစ်ပေးကြရမည်ဖြစ်ကြောင်း၊ ကျင့်ဝတ်သိက္ခာစောင့်စည်းပေးရန်နှင့်   စည်းကမ်း ဥပဒေလိုက်နာဆောင်ရွက်ရန် ကြပ်မတ်ထိန်းကျောင်း ပေးကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်   ကောင်စီအဖွဲ့ဝင်များသည် မြန်မာနိုင်ငံ  သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များ နှင့်အတူ    စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ သည်။


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များအား ရင်းရင်း နှီးနှီး နှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်