ခေတ်မီစံပြကျေးရွာစီမံကိန်းကို တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်သွားရန် လျာထား

 

 

နေပြည်တော်  နိုဝင်ဘာ  ၂၃ 
ခေတ်မီစံပြကျေးရွာ    (Smart Village) အကောင်အထည်ဖော် ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို         ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီးရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ခေတ်မီစံပြ ကျေးရွာစီမံကိန်း 
အစည်းအဝေးတွင် သမဝါယမ နှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက  မြို့ပြနှင့်  ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ   ကျဉ်း မြောင်းစေရေး၊   ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရေးနှင့်  ကျေးလက် ဒေသများ    စဉ်ဆက်မပြတ်ဖွံ့ဖြိုး ရေးကို  မျှော်မှန်း၍  လူနေမှုအဆင့် အတန်းမြင့်မားပြီး             စီးပွားရေး ခိုင်မာအားကောင်းကာ          အစိမ်း ရောင် ဖွံ့ဖြိုးမှုဖြစ်စဉ်ကို  အားပေး သည့်ကျေးရွာများ   ထူထောင်နိုင် ရန်အတွက်  ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေး စီမံကိန်းကို  အကောင်အထည်ဖော် ဆောင်ရွက်     သွားရမည်ဖြစ်ပါ ကြောင်း၊   အဆိုပါ   ခေတ်မီစံပြ ကျေးရွာစီမံကိန်းကို           ကျေးရွာ အခြေခံအဆောက်အအုံ   ဖွံ့ဖြိုးစေ ခြင်းဖြင့်    ကျေးလက်နေပြည်သူ များ၏   လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊   သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့်    နည်း ပညာပံ့ပိုးခြင်းဖြင့်      ကျေးလက် စီးပွားရေး         မြင့်မားလာစေ ရန်၊   သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး နေချင့် စဖွယ်စံပြကျေးရွာများ   ဖြစ်ပေါ် လာစေရန်နှင့်            ကျေးရွာသူ၊ ကျေးရွာသားများနှင့်   ကျေးရွာ အသင်းအဖွဲ့များ  စွမ်းဆောင်ရည် မြင့်မားလာစေခြင်းဖြင့်  စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုကို   ဖော်ဆောင်နိုင် ရန်ရည်ရွယ်၍  ဆောင်ရွက်လျက် ရှိပါကြောင်း၊   တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း      တိုးချဲ့ ဆောင်ရွက်သွားရန်   လျာထား ပါကြောင်း၊   ထိုသို့   အကောင် အထည်ဖော်  ဆောင်ရွက်ရာတွင် သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအပြင်    တက် ရောက်လာသော ဌာနအသီးသီးမှ မိမိတို့နှင့်သက်ဆိုင်သည့် အခန်း ကဏ္ဍများအလိုက်     ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း       ပြောကြား သည်။
အဓိကထား  ဆောင်ရွက်
ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က  ယခုစီမံကိန်းကို  ဒစ်ဂျစ်တယ် နည်းပညာ၊     သတင်းအချက် အလက်နှင့်  ဆက်သွယ်ရေးနည်း ပညာတို့    ပေါင်းစပ်ပြီး   လူထု အခြေပြုချဉ်းကပ်မှု    နည်းလမ်း အပေါ်အခြေခံ၍    ဖွံ့ဖြိုးရေး ကဏ္ဍခြောက်ခုကို   ရေးဆွဲချမှတ် ပြီး အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့်     ဖွံ့ဖြိုးရေးဆောင်ရွက် ခြင်း၊ သွင်းအားစုများနှင့် ငွေကြေး ဝန်ဆောင်မှုများ ထောက်ပံ့ကူညီ ခြင်း၊  အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးနှင့်     ကျေးရွာစီးပွားရေး မြင့်မားစေခြင်း၊    အသင်းအဖွဲ့ များ  ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊    လူမှု ကာကွယ်စောင့်‌ရှောက်ရေး  အပါ အဝင်     သဘာဝပတ်ဝန်းကျင်   ကာကွယ်  ထိန်းသိမ်းရေးများကို    အဓိကထား   ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊     စီမံကိန်းကို Pilot အနေ ဖြင့်            နေပြည်တော်ကောင်စီ နယ်မြေ၊         ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့်   တပ်ကုန်း မြို့နယ်တို့ရှိ  ကျေးရွာသုံးရွာတွင် စတင်    အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသည်။
ဝိုင်းဝန်းအကြံပြု
ယင်းနောက်    ခေတ်မီစံပြ ကျေးရွာ    (Smart    Village) ထူထောင်ရေးစီမံကိန်းနှင့်  ပတ် သက်၍     စီမံကိန်းလုပ်ငန်းစဉ် များအပေါ်      အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့်  အခြေအနေများ ကို နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊    သမဝါယမဦးစီး ဌာန၊   အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊   စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊   စက်မှုလယ်ယာဦးစီး ဌာနနှင့်    ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ  ညွှန်ကြားရေး မှူးချုပ်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်