
နေပြည်တော် နိုဝင်ဘာ ၂၁
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နာတာရှည် ရောဂါအခံရှိသူ များ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူ များစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နှင့် နောင်ချိုမြို့တို့၌ ဒေသခံပြည်သူ ၁၅၃၅ ဦး၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း)အတွင်းရှိ မြို့နယ် လေး မြို့နယ်၌ ဒေသခံပြည်သူ ၈၂၆ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် ၁၆မြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံ ပြည်သူ ၂၂၇၉၄ ဦး၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်၌ ဒေသခံပြည်သူ ၃၁၉၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၂၈၅၉၈ ဦး၊ ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့ ၌ ဒေသခံပြည်သူ ၄၁၇၈ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုမှ ဒေသခံပြည်သူ ၈၃၅၀တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ် မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၄၀၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ကျောင်းသားကျောင်းသူ ၂၉၃၂၄ ဦး (ဝဲအောက်ပုံ)၊ ရခိုင် ပြည်နယ် ရသေ့တောင်မြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့၌ ကျောင်းသား ကျောင်းသူ ၁၀၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှု များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်