
ရန်ကုန် နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ် ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ဦးဆောင်မှုဖြင့် များမကြာမီ ကာလတွင် လူဦးရေထူထပ်သည့် ရန်ကုန်မြို့အတွင်း ခရီးသွားရာတွင် လျင်မြန်လွယ်ကူစေရန် ရန်ကုန်မြို့၏ စီးတီး (တက္ကစီ) ယာဉ်ပိုင်ရှင်များ အသင်းကို ခေတ်စနစ်နှင့်အညီစနစ် တကျဖြစ်ရန် ရည်ရွယ်၍ စတင်ဖွဲ့စည်း တော့မည်ဖြစ်ကြောင်း YRTC ရုံးမှ သိရသည်။
“လာမယ့်နှစ်ဦးပိုင်းမှာ ရန်ကုန် မြို့ရဲ့စီးတီး (တက္ကစီ) ယာဉ်ပိုင်ရှင်များ အသင်းကို စတင်ဖွဲ့စည်းဖို့ ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ စီးတီး(တက္ကစီ) ယာဉ်ပိုင်ရှင်တွေရဲ့ လိုအပ်ချက်တွေကို အကြံပြုဖြည့်ဆည်းပေးနိုင်ဖို့၊ စီးတီး တက္ကစီယာဉ်များ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းနဲ့အညီ သွားလာနိုင်ဖို့၊ ရန် ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းပေးနိုင်ဖို့၊ စီးတီး (တက္ကစီ)ယာဉ်ရပ်ဝန်းများ တည်ဆောက်ပေး နိုင်ဖို့၊ မြို့တွင်း ခရီးသည်မပါဘဲ သွားလာ နေသော စီးတီး (တက္ကစီ) ယာဉ်များ လျော့နည်းစေဖို့၊ ပြီးတော့ စီးတီး (တက္ကစီ) ယာဉ်များအသင်းအနေနဲ့ အချင်းချင်း ကူညီရိုင်းပင်းနိုင်ဖို့၊ အထူး သဖြင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေဖို့စတဲ့ ကောင်းမွန် သော ရည်ရွယ်ချက်ကောင်းများစွာနဲ့ ခေတ်စနစ်အညီ စီးတီး(တက္ကစီ) ယာဉ် ပိုင်ရှင်များအသင်းအဖွဲ့ကို စတင်ဖွဲ့ စည်းသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန် ကျင့်မန်က ပြောကြားသည်။
ရန်ကုန်မြို့၌ ပထမဆုံးစတင် ဖွဲ့စည်းမည့် စီးတီး (တက္ကစီ) ယာဉ်ပိုင် ရှင်များအသင်း အဖွဲ့တွင် စီးတီး (တက္ကစီ) ယာဉ်ပိုင်ရှင်များ၊ ယာဉ် မောင်းများ ပါဝင်နိုင်မည်ဖြစ်ပြီး များမကြာမီကာလတွင် ယင်းအသင်း အဖွဲ့နှင့် ပတ်သက်၍ ဆွေးနွေးပွဲများကို YRTC မှ ဦးဆောင်ကာ ကျင်းပပေး မည်ဖြစ်သည်။ အဆိုပါ အသင်းအဖွဲ့ အတွက် ဆွေးနွေးပွဲများကို လက်ရှိစီးတီး တက္ကစီ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော အမှတ် ၂၆ ပင်လုံလမ်း ၂၉ ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၌ ပြုလုပ်မည်ဖြစ်ပြီး အဆိုပါစီးတီး (တက္ကစီ) ယာဉ်ပိုင်ရှင် များအသင်းဖွဲ့စည်းရေး ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ ယာဉ်ပိုင်ရှင်များ၊ စီးတီး (တက္ကစီ) အငှားယာဉ်မောင်းများ အနေဖြင့် ဆက်သွယ်စာရင်းပေး အကြံ ပြု စုံစမ်းလိုလျှင် ဖုန်း-၀၉ -၄၅၂၉၄၃၃ ၃၀၊ ၀၉-၆၈၉၃၁၃၆၉၆ တို့သို့ ဆက် သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း၌ အငှားယာဉ် (တက္ကစီ) များနှင့်ပတ်သက်၍ ရန်ကုန် မြို့အတွင်း ပြေးဆွဲခွင့်ပေးထားသော စီးတီး (တက္ကစီ) ယာဉ်အဖြစ် မှတ်ပုံတင် ထားသော အငှားယာဉ်များမှာ ၆၅၀၀၀ ကျော်ရှိပြီး နယ်လိုင်စင်ဖြင့် အငှား ယာဉ်လိုင်စင် ခွင့်ပြုပေးထားသော တက္ကစီများမှာ ၂၀၀၀၀ ကျော်ရှိနေသည်။ ရန်ကုန်မြို့တော်ကြီး၌ ယခု စတင်ဖွဲ့ စည်းမည့် စီးတီး(တက္ကစီ) ယာဉ်ပိုင်ရှင် များ အသင်းအဖွဲ့ကို လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း YRTC က ဦးဆောင်၍ ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း- မြင့်မိုရ်
ဓာတ်ပုံ- မင်းထက်