Johnson & Johnson ကုမ္ပဏီကို ကုမ္ပဏီနှစ်ခုအဖြစ် ပြောင်းလဲရန်အစီအစဉ်ရှိ

 

နယူးယောက် နိုဝင်ဘာ ၁၃


အမေရိကန်  ဆေးဝါးကုမ္ပဏီကြီး ဖြစ်သည့် Johnson & Johnson သည် စီမံခန့်ခွဲမှုများကို ချောမွေ့ စေရန်အတွက် ကုမ္ပဏီနှစ်ခုအဖြစ် သို့   ပြောင်းလဲရန်   အစီအစဉ် ရှိကြောင်း ကြေညာခဲ့သည်။

 


ကုမ္ပဏီတစ်ခုမှာ    ဝယ်ယူသူ များအတွက်      ဝန်ဆောင်မှုကို လုပ်ဆောင်ပေးမည်     ဖြစ်ပြီး နောက်တစ်ခုမှာ    ဆေးအညွှန်း များနှင့်  ဆေးပညာပိုင်းဆိုင်ရာ  အကြံဉာဏ်များကို   လုပ်ဆောင် သွားမည်ဖြစ်သည်။

 


ဆေးအညွှန်းများနှင့်   ဆေး ပစ္စည်းများကို    Johnson   & Johnson  အမည်အောက်တွင် ဆက်လက်ထားရှိ   သွားမည်ဖြစ် သည်။      ယခုလိုပြုလုပ်ရခြင်းမှာ ကုမ္ပဏီအတွက် ကောင်းမွန်သည့် လုပ်ဆောင်မှု    ဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ    ပြည်သူများ အတွက်    ကျန်းမာရေးဆိုင်ရာ ရလဒ်များ  တိုးတက်ကောင်းမွန် လာစေရေး          အတွက်လည်း အကောင်းဆုံးနည်းလမ်း    ဖြစ် သည်ဟု        ကုမ္ပဏီစီအီးအို အဲလက်စ်ဂေါ်စကီက ပြောသည်။

 


အဓိက     စီးပွားရေးလုပ်ငန်း ကြီးများသည် ကုမ္ပဏီကို  ခွဲခြမ်း မှုများ ပြုလုပ်လာကြသည်။ ပြီးခဲ့ သည့်      သီတင်းပတ်အတွင်းက လည်း ဂျန်နရယ်   လျှပ်စစ်ကုမ္ပဏီ သည်  ၎င်းတို့၏ လုပ်ငန်းစုကြီးကို အများပြည်သူများ  ရောင်းဝယ် ဖောက်ကားသည့်        ကုမ္ပဏီခွဲ သုံးခုအဖြစ်သို့  ခွဲထုတ်သွားမည် ဟု  ကြေညာခဲ့သည်။

 


 နိုဝင်ဘာ ၁၂ ရက်ကလည်း ဂျပန်အခြေစိုက် တိုရှီဘာကုမ္ပဏီ သည်  ၎င်းတို့၏    လုပ်ငန်းကို သီးခြား     စီးပွားရေးလုပ်ငန်း သုံးခုအဖြစ်သို့    ခွဲထုတ်သွားမည်ဟု ကြေညာခဲ့သည်။

အင်န်အိတ်ချ်ကေ