သက်သာသောဈေးနှုန်းဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးလျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၁၂  


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချ ရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့်   နိုင်ငံခြားငွေဖြင့်  မှာယူတင်သွင်းခဲ့ သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောင်းချ ပေးလျက်ရှိပြီး 92 Ron ၃၃၉၄၂၆၇၉ လီတာ၊ ဒီဇယ် ၁၈၆၇၇၈၈၂ လီတာနှင့် Premium ဒီဇယ် ၂၉၄၈၄၉၉၁ လီတာတို့ကို ဖြန့်ဖြူးရောင်းချပေးထားပြီးဖြစ်သည်။
တိုင်းဒေသကြီး/ ပြည်နယ်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်လိပ်စာ များအား ကြေညာခဲ့ပြီးဖြစ်သည်။

 


စားသုံးသူပြည်သူများအနေဖြင့် စက်သုံးဆီများကို   တိုင်းဒေသကြီး/ပြည်နယ်အလိုက်   သတ်မှတ် စက်သုံးဆီအရောင်းဆိုင်များတွင် အောက်ဖော်ပြပါဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ   ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊  ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်း ဖုန်း ၀၉-၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။  

                                                      
 သတင်းစဉ်