
နေပြည်တော် နိုဝင်ဘာ ၁၂
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာနယ်ပယ်(၁) အကောင်အထည်ဖော်မှု ကြီးကြပ် ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက် ရေးဆိုင်ရာ မဟာဗျူဟာနယ်ပယ် (၁) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေ ချုပ် ဦးစန်းလွင်၊ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးကျော် ကျော်နိုင်နှင့် ကော်မတီဝင်များ ဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ငွေကြေး ဆိုင်ရာမှုခင်း တားဆီးနှိမ်နှင်းရေး ရဲတပ် ဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေး ဦးစီးဌာန၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်ရုံးတို့မှ ကိုယ်စား လှယ်များ တက်ရောက်ကြ သည်။
အချက် ၁၀ ချက်ရှိ
အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ်က ၂၀၂၁ ခုနှစ်အတွင်း မဟာဗျူဟာနယ်ပယ်(၁) ဆောင် ရွက်ရမည့်အချက် ၁၀ ချက်ရှိပြီး ယခုလက်ရှိအထိ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါ ကြောင်း၊ ကော်မတီများ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ၏ တိုးတက်ဆောင် ရွက်မှုများကို စောင့်ကြည့်မည့် နိုင်ငံနှင့် ဒေသများ စာရင်းမှ ပယ်ဖျက်နိုင်ရေးကို ၂၀၁၈ ခုနှစ်မှ စတင်၍ APJG သို့ တိုးတက်မှု အစီရင်ခံစာများ ပေးပို့လျက်ရှိရာ ၂၀၂၁ ခုနှစ်တွင် FATF အကြံပြု ချက် ၄၀ အနက် စံနှုန်းသတ်မှတ် ချက် ၂၃ ချက်မှာ ကောင်းမွန်ခဲ့ပြီး ဖြစ်ကြောင်း၊ မဟာဗျူဟာ နယ်ပယ်(၁) အောက်ရှိ ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ရန် ကျန်ရှိသည့် အချက် ၂ ချက်ဖြစ် သည့် ဥပဒေရေးရာပုဂ္ဂိုလ် (legal person)၊ ကုမ္ပဏီအဖွဲ့အစည်း များနှင့် ဥပဒေရေးရာ စီစဉ်ဆောင် ရွက်မှု၏ အကျိုးခံစားပိုင်ခွင့်ရှိသူ ပိုင်ရှင် (Beneficial Ownership)ဆိုင်ရာ သတင်းအချက်အလက် များနှင့် ပွင့်လင်းမြင်သာမှုရှိစေ ရန်အချက်နှင့် တရားမဝင် ငွေလွှဲ လုပ်ငန်းများကို အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့ခြင်းဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များ လျော့ နည်းကျဆင်းစေရန် အချက်တို့ကို အချိန်မီ ပြီးစီးဆောင်ရွက်နိုင်ရေး နှင့် ကျန်ရှိသည့်အချက်များ ပြီးစီး အကောင်အထည် ဖော်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီး အတွင်း ရေးမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
အချိန်မီပြီးစီးအောင်
အကောင်အထည်ဖော်နိုင်ရေး
အစည်းအဝေးတွင် ငွေကြေး ခဝါချမှု၊ အကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ မူဝါဒများ၊ ညွှန်ကြားချက်များနှင့် ဥပဒေမူဘောင်များကို ဖော်ထုတ် ရရှိသည့် ဆုံးရှုံးနိုင်ခြေ အန္တရာယ် များနှင့် ကိုက်ညီပြီး နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပိုမိုတိုးတက် ခိုင်မာစေရေးအတွက် မဟာ ဗျူဟာနယ်ပယ်(၁) အောက်ရှိ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျန်ရှိသည့် အချက်များဖြစ်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ/နည်းဥပဒေ ပြင်ဆင်ခြင်း ကိစ္စ၊ အဂတိလိုက်စားမှု တိုက် ဖျက်ရေး နည်းဥပဒေ ပြင်ဆင်ရေး ဆွဲခြင်းကိစ္စ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ/နည်းဥပဒေ များ ပြင်ဆင်ရေးဆွဲရေးကိစ္စ၊ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေး နည်းဥပဒေ ပြင်ဆင်ရေးဆွဲခြင်း ကိစ္စ၊ ဝင်ငွေခွန်နှင့် အကောက်ခွန် ဥပဒေ ပြင်ဆင်ရေးဆွဲရေးကိစ္စ၊ လောင်းကစားဥပဒေ ပြင်ဆင်ရေး ကိစ္စ၊ တရားမဝင် ငွေလွှဲလုပ်ငန်း များကို အသုံးပြုမှုကြောင့် ဖြစ်ပေါ် လာနိုင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့ခြင်းဆိုင်ရာ ဆုံးရှုံးနိုင် ခြေ အန္တရာယ်များ လျော့နည်း ကျဆင်းစေရေးကိစ္စ၊ ဥပဒေရေး ရာပုဂ္ဂိုလ်(legal person)၊ ကုမ္ပဏီ အဖွဲ့အစည်းများနှင့် ဥပဒေရေးရာ စီစဉ်ဆောင်ရွက်မှု၏ အကျိုးခံစား ပိုင်ခွင့်ရှိသူ ပိုင်ရှင် (Beneficial Ownership)ဆိုင်ရာ သတင်း အချက်အလက်များနှင့် ပွင့်လင်း မြင်သာမှု ရှိစေရေးကိစ္စတို့နှင့် စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်း အလိုက် အချိန်မီပြီးစီးအောင် အကောင်အထည် ဖော်နိုင်ရေး ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်