
နေပြည်တော် နိုဝင်ဘာ ၁၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့ကျင်းပသော အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများနှင့် ကျင်းပသော (၁၉)ကြိမ်မြောက် အာဆီယံ- ဂျပန် ပို့ဆောင်ရေး ဝန်ကြီးအစည်းအဝေး၊ (၁၂) ကြိမ် မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီး အစည်း အဝေးနှင့် အာဆီယံနှင့်ဆွေးနွေးဘက်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် များ၏ အထူးအစည်းအဝေးများ သို့ အဆိုပါဝန်ကြီးဌာနမှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
(၁၉) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို နံနက်ပိုင်းတွင် ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပို့ဆောင်ရေး ဝန်ကြီးများက အဖွင့်အမှာစကား ပြောကြားကြသည်။ ယင်းနောက် အာဆီယံနှင့် ဂျပန်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသော ပို့ဆောင်ရေးစီမံကိန်းများအပေါ် အကောင်အထည်ဖော်နိုင်မှုများ၊ အခြေခံအဆောက်အအုံနှင့် လူ့ အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံအလိုက် ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး က အာဆီယံနှင့် ဂျပန်နိုင်ငံတို့ အကြား အကောင်အထည်ဖော် လျက်ရှိသည့် ပူးပေါင်းဆောင်ရွက် မှုများ၊ အစားအသောက်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် သယ်ယူပို့ဆောင် သိုလှောင်ရာ၌ စံညွှန်းသတ်မှတ်ရေးကို ဂျပန် နိုင်ငံက ကူညီရေးဆွဲပေးမှု၊ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးတွင် ICT နည်းပညာ တိုးမြှင့်အသုံးချရေး ကိစ္စနှင့် နှစ်နိုင်ငံအစီအစဉ်အရ ဂျပန်-မြန်မာ ပို့ဆောင်ရေးပူးပေါင်း ဆောင်ရွက်မှုများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို အမြင်ချင်းဖလှယ် ဆွေးနွေးသည်။
ဆက်လက်၍ (၁၂)ကြိမ် မြောက် အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများ အစည်း အဝေးတွင် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက် မှု လမ်းပြမြေပုံ (၂၀၂၁- ၂၀၂၅)ဆောင်ရွက်နိုင်မှုအပေါ် နိုင်ငံ အလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးရာ၌ ပြည်ထောင်စု ဝန်ကြီးက ကိုရီးယားနိုင်ငံက အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် နှစ်နိုင်ငံအကြား ပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးမှုများကို ဆွေးနွေးပြောကြားပြီး လေကြောင်း ကဏ္ဍဆက်သွယ်မှုများ မြှင့်တင် ရန်အတွက် မြန်မာနိုင်ငံက ဦးဆောင် ညှိနှိုင်းလျက်ရှိသော အာဆီယံ-ကိုရီးယား လေကြောင်း သဘောတူစာချုပ် အပြီးသတ် အတည်ပြုရေး ဆောင်ရွက်ရန် များကို ဆွေးနွေးပြောကြား သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ/ ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ အထူးအစည်း အဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာလအလွန် အာဆီယံ သယ်ယူပို့ဆောင်ရေးကဏ္ဍ စဉ် ဆက်မပြတ် ဖွံ့ဖြိုးစေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများ က နိုင်ငံအလိုက် ပို့ဆောင်ရေး ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ဆောင်ရွက်မှုများကို ဆွေးနွေး ပြောကြားရာ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏ ပို့ဆောင် ရေးကဏ္ဍ ရေရှည်နှင့်စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေးအတွက် ဂျပန် နိုင်ငံ၏အကူအညီဖြင့် ရေးဆွဲ ထားသည့် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း၏ ဦးစားပေး လုပ်ငန်းစဉ်များနှင့်အညီ ရထား လမ်းအဆင့်မြှင့်တင်မှု၊ ဆိပ်ကမ်း များ တည်ဆောက်မှု၊ လေဆိပ် အဆင့်မြှင့်တင် တည်ဆောက် နေမှု၊ ရေလမ်းကြောင်းကောင်းမွန် ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက အများပြည်သူပို့ဆောင် ရေးသည် အရေးပါသည့်အလျောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလျှော့ချရေး၊ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် ပြည်သူများ၏ လူမှုစီးပွားဆိုးကျိုး များ လျော့ပါးစေရေးကို ရည်မှန်း ၍ နိုင်ငံတော်အစိုးရက မြို့ပြ များတွင် လျှပ်စစ်ရထား၊ လျှပ်စစ် ကားများ တိုးမြှင့်အသုံးပြုရေး၊ ကိုယ်ပိုင်ယာဉ်များအစား အများ ပြည်သူပို့ဆောင်ရေး စနစ်များကို တိုးမြှင့်အသုံးပြုနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှုများကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်