ြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော်   မတ်   ၂၁


နိုင်ငံခြားရေး       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးဝဏ္ဏမောင်လွင် သည်    အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ  ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်    အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်းနှင့် အာဆီယံ အတွင်းရေး မှူးချုပ်   မစ္စတာ ဒါတိုလင်ကျောက်ဟွိုင် တို့အား   ယနေ့မွန်းလွဲ  ၂  နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ လက်ခံတွေ့ဆုံသည်။ 
အလေးထားပြောကြား


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော် ခြင်းသည် မြန်မာဦးဆောင်သည့် မြန်မာ့ ကိုယ်ပိုင်လုပ်ငန်းစဉ်      ဖြစ်ရမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားပြီး အထူး ကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ ပထမ အကြိမ် လာရောက်သည့်  ခရီးစဉ်ဖြစ်ပြီး ယင်းမှတစ်ဆင့် နားလည်မှုနှင့် ယုံကြည်မှု ကို  တည်ဆောက်နိုင်ကာ အာဆီယံတွင် ပူးပေါင်းဆောင်ရွက်မှုကို    မြှင့်တင်နိုင် လိမ့်မည်ဟု     အလေးထားပြောကြား သည်။ 


ထပ်လောင်းကတိပြု


ထို့ပြင်     ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော် ရာတွင် မြန်မာနိုင်ငံအနေဖြင့်  အာဆီယံ နှင့်  ဆက်လက်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း  ထပ်လောင်းကတိပြုခဲ့ပြီး မြန်မာနိုင်ငံ၏ ကတိကဝတ်သည် အပြော သက်သက်မဟုတ်ဘဲ      အလုပ်ဖြင့် သက်သေပြခဲ့သည်မှာ   ဂျကာတာတွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင် များ   အစည်းအဝေးကပင်ဖြစ်ကြောင်း      ပြောကြားသည်။ 


တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိကြီးများ  တက်ရောက် ကြသည်။
တည်ခင်းဧည့်ခံညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည်     အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် အာဆီယံ   အတွင်းရေးမှူးချုပ်တို့အား နေပြည်တော်ရှိ M Gallery Hotel ၌ ညစာ ဖြင့် တည်ခင်းဧည့်ခံသည်။ 


သတင်းစဉ်