ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး (၁၉)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးတက်ရောက်ကြမည့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် နိုင်ငံအလိုက်သီးခြားစီတွေ့ဆုံ

 

နေပြည်တော်  မတ်   ၁၆


(၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 19th ASEAN Chiefs of Defence Forces Meeting (ACDFM-19) တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ၌ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည်  ယနေ့တွင်   အာဆီယံနိုင်ငံများမှ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ၊ တာဝန်ရှိသူများနှင့် SOKHA Hotel ရှိ အစည်းအဝေးခန်းမ၌ သီးခြားစီတွေ့ဆုံသည်။ 

 


ထိုသို့    တွေ့ဆုံရာတွင်   ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး  ဦးဆောင်သည့်  မြန်မာ့တပ်မတော်  ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  General Vong Pisen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးဌာန ယာယီအကြီး အကဲ Major General Khamlieng OUTHAKAISONE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊     ဗီယက်နမ်ပြည်သူ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Senior   Lieutenant  General  Nguyen  Tan Cuong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးကြသည်။ 

 


တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု    ပိုမိုတိုးမြင့်ဆောင်ရွက်ရေးနှင့်   ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 


တွေ့ဆုံပွဲများအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အာဆီယံနိုင်ငံများမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ၊    တာဝန်ရှိသူများသည်   အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။ 


သတင်းစဉ်