ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ၊ ၆၈၉၂၃ ဦး ထိုးနှံပြီးဖြစ်

 

ညောင်ဦး  အောက်တိုဘာ  ၂၃


မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်တွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ   ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ပိုင်းကစတင်ပြီး တတိယအသုတ် ဒုတိယနေ့တွင်    သတ်မှတ်စုရပ် အသီးသီး၌  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများ       ထိုးနှံပေး လျက်ရှိကြောင်း   စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ    ဦးနန်းတင့်ထံမှ   သိရသည်။

 


ညောင်ဦးမြို့နယ်၌ တတိယ အသုတ် ကာကွယ်ဆေးထိုးနှံခြင်း အား  ညောင်ဦးမြို့    ရွှေစည်းခုံ စေတီတော်ကြီး ဝတ္တကနယ်မြေ ဝေဇယန္တာ ဗိမာန်တော်ကြီးတွင် လည်းကောင်း၊   ပုဂံမြို့ အခြေခံ ပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊  ငါ့သရောက်မြို့ တိုက်နယ် ပြည်သူ့ဆေးရုံကြီးနှင့် တောင်ဇင်း အခြေခံပညာအထက် တန်းကျောင်းတို့တွင် စတင်ထိုးနှံ ပေးလျက်ရှိသည်။     ညောင်ဦး မြို့နယ်တွင်    တတိယအသုတ် ကိုဗစ်-၁၉  ရောဂါ    ကြိုတင် ကာကွယ်ဆေးရရှိသည့်      အပေါ် သတ်မှတ်အုပ်စုများ   တစ်ဆင့် ခြင်း      ထိုးနှံပေးနိုင်မည်ဖြစ်သည်။ 

 


ပထမအကြိမ်    ကိုဗစ်-၁၉ ရောဂါ   ကြိုတင်ကာကွယ်ဆေး ထိုးပေးခြင်းကို အသက် ၆၅နှစ်နှင့် အထက်      အဘိုးအဘွားများ၊ ရဟန်း /သံဃာများ၊ နိုင်ငံ့ဝန်ထမ်း များအား     ထိုးနှံပေးနိုင်ခဲ့ပြီး၊ တတိယအကြိမ်      ကိုဗစ်-၁၉ ရောဂါ   ကြိုတင်ကာကွယ်ဆေး ထိုးခြင်းအား အသက်  ၄၀ နှစ်မှ  ၅၉ နှစ်အတွင်းနှင့် အသက် ၆၀ နှစ်မှ အသက်  ၆၉  နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား ကာကွယ်ဆေးများ    ထိုးနှံပေး လျက်ရှိသည်။     အောက်တိုဘာ ၁၅  ရက်မှစတင်ပြီး တတိယသုတ်   စတုတ္ထနေ့ ကိုဗစ်-၁၉     ကာကွယ် ဆေးများ   ထိုးနှံပေးလျက်ရှိကာ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ၆၇၈၉၂၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။    


မောင်မောင်ထိန်
(ကျောက်ပန်းတောင်း)