
ရန်ကုန် မေ ၆
ပညာရေး၀န်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တွင် အသစ်ခန့်အပ်ခဲ့သည့် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမအသစ်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို LRC ဆောင် မြေညီထပ် Multimedia Room ၌ ယနေ့ မွန်းတည့် ၁၂ နာရီက ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပ သည်။
ရှေးဦးစွာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာ မင်းမင်းရီ၊ ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာနီနီအောင်၊ ဒုတိယပါမောက္ခချုပ်၊ မဟာဌာနမှူး(ဘာသာစကား)ဒေါက်တာမြင့်မြင့်မော်၊ ဒုတိယပါမောက္ခချုပ်၊ မဟာဌာနမှူး (လူမှုသိပ္ပံ) ဒေါက်တာချောချောစိန်၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ဌာနမှူး(ရုပ်သံ)၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စီမံခန့်ခွဲရေး ဌာနများမှ အရာထမ်းများနှင့် အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြဆရာ ဆရာမ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အာကာလင်း