နမ္မတူမြို့နယ်၌ အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်မည်

 

နမ္မတူ   ဖေဖော်ဝါရီ  ၂၅


ရှမ်းပြည်နယ် (မြောက်ပိုင်း)   နမ္မတူမြို့နယ်၌  နွေရာသီကျောင်း ပိတ်ရက်အတွင်း ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ   အသုံးချတတ်စေရန်၊   ကျန်းမာပျော်ရွှင်စေရန်၊ အားကစားကဏ္ဍဖွံ့ဖြိုးပြီး  နိုင်ငံ့ဂုဏ်ဆောင်   အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍   နွေရာသီအခြေခံအားကစားနည်း လေးမျိုးကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက အခမဲ့ သင်ကြားပေးမည်ဖြစ်သည်။


အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းကို မတ် ၁၃ ရက်မှ ၂၇ ရက်အထိ   ဖွင့်လှစ်မည်ဖြစ်ပြီး   ဘောလုံး၊   ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်   စသည့်အားကစားနည်းများကို သက်ဆိုင်ရာ နည်းပြဆရာများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြား ပေးမည်ဖြစ်သည်။ သင်တန်းများသို့ အသက် ကိုးနှစ်မှ ၂၄ နှစ်အတွင်း မည်သူမဆို တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပြီး သင်တန်းအခမဲ့ တက်ရောက်ခွင့်အပြင် သင်တန်းသားတစ်ဦးလျှင် နွေရာသီသင်တန်း ဝတ်စုံ  တစ်စုံနှုန်းနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ် မည် ဖြစ်သည်။


နွေရာသီအခြေခံအားကစားသင်တန်း တက်ရောက်သင်ကြား လိုသော ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နမ္မတူ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးသို့ မတ် ၁၀ ရက်အထိ ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက် ဆက်သွယ်လျှောက်ထားနိုင် ကြောင်း မြို့နယ်အားကစားမှူး ဒေါ်ရွှေမာထံမှ သိရသည်။


လူမော် 
(ပြန်/ဆက်)