
နေပြည်တော် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွင် စစ်ဘေးရှောင်ပြည်သူ ၂၀၀ ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းကြီး ကျောင်းကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု အကြမ်းဖက်အားပေး ပြည်ဖျက် မီဒီယာ Khit Thit Media က မဟုတ်မမှန် သတင်း ရေးသား၍ လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေ လျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နမ့်ခမ်းမြို့နယ် ရှိ အဆိုပါ ဇေယျသုခဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည့် ဒေသခံပြည်သူများ၏ ပြောကြား ချက်အရ ဒီဇင်ဘာ ၁၃ ရက်တွင် တပ်မတော်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုမရှိကြောင်း၊ သတင်း အမှားသာ ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်သည် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက် လျက်ရှိရာ ဒေသခံပြည်သူလူထု ထိခိုက်နစ်နာစေမည့် လုပ်ရပ်များကို မည်သည့်အခါမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် အကြမ်းဖက်အားပေးမီဒီယာများ အနေဖြင့် ဒေသခံပြည်သူများ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန် သတင်းများကို လုပ်ကြံရေးသား ဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်