
ရန်ကုန် နိုဝင်ဘာ ၁၉
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတ ပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတ ပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများ ပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာ ခေတ်မီ အကြောင်းအရာများနှင့် ယခုလအတွက် အထူးပြုရေးသား သည့် “ကလေးအလုပ်သမား ပပျောက်ရေး အလေးထား ဆောင်ရွက်ပေး” မျက်နှာဖုံး ဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (နိုဝင်ဘာလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိ လိုက်ပြီဖြစ်သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလထုတ် သုတပဒေသာနှင့် လူငယ် ရေးရာစာစောင်တွင် ခင်မောင်အေး၊ သန့်လွင်ထွန်း (MPA)၊ သန်းစော (စီပီအေ) တို့၏ “ကလေးအလုပ်သမား ပပျောက်ရေး အလေးထားဆောင်ရွက်ပေး” မျက်နှာဖုံးဆောင်းပါးများ၊ ဒေါက်တာ ခင်မောင်ညို၊ ကောင်းသန့်၊ မောင်ဒီပ(ပညာရေး)၊ ညီညီဖေ၊ ညီမော်သိမ်း၊ မြသိန်း၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ နေညိုယဉ်၊ စံမြတ်ဘုန်း (စစ်ကိုင်း) တို့၏ လူငယ်ရေးရာ ဆောင်းပါးများ၊ ဆန်းသစ်အောင် (မဟာဝိဇ္ဇာ-အင်္ဂလိပ်ဘာသာ စကား)၊ အေးထွန်းမင်းတို့၏ နိုင်ငံတကာဆိုင်ရာ ဆောင်းပါး များ၊ ထက်ဝေအောင် (စစ်ကိုင်း)၊ K. M. A တို့၏ အမုန်းစကားနှင့် ဒီမိုကရေစီဆိုင်ရာ ဆောင်းပါးများ၊ ပါမောက္ခကိုကိုအောင်၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ဆောင်းပါး၊ ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၊ တင်မာလွင်တို့၏ မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုဆိုင်ရာ ဆောင်းပါးများ၊ ဆရာနောင်၊ ဒေါက်တာ မြင့်သန်းတို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ စောနိုင် (အသုံးချဘောဂဗေဒ)၊ မောင်မောင် မြင့်သိန်း (စက်မှုတက္ကသိုလ်) တို့၏ စီးပွားရေးဆိုင်ရာ ဆောင်းပါးများ၊ စိုးစိုး (ပန်းတောင်း)၊ ဆောင်းဝင်းလတ်၊ လင်း (ဆေး-၁) ဒေါက်တာ စန်းဦး၊ မော်(သန်လျင်) တို့၏ ဖြစ်ရပ်မှန်၊ ဟာသဝတ္ထုတိုနှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူမည်းသရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ် တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ငွေကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန် စာအုပ် အရောင်းဆိုင် အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ် အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေး ဖုန်း ၀၂- ၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေ နှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ် အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန် မြို့ ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်