နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

 

ရန်ကုန်    ဇွန်     ၂  


ပြည်ထောင်စုရာထူးဝန်အဖွဲ့၏    ကြီးကြပ်မှုဖြင့်     တက္ကသိုလ်တွင်း စိမ်းလန်းစိုပြည်ရေးအတွက်   ယနေ့ညနေ  ၃ နာရီက  ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ  အခမ်းအနားကို  လှည်းကူးမြို့နယ် နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) [Civil Service Academy (Lower Myanmar)] မုခ်ဦးရှေ့နှင့် ကျွန်းရွှေဝါ လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာများ၊  ရတနာသိင်္ဃခန်းမ  ဝန်းကျင်တို့၌  ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင်  ဦးစိုးတင့် တက်ရောက်၍ ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။ 

 


အခမ်းအနားတွင်    တာဝန်ခံအဖွဲ့ဝင်    ဦးစိုးတင့်က    အမှာစကား ပြောကြားပြီး စိုက်ပျိုးရမည့် စိန်ပန်း၊ နွယ်သာကီ၊ စက္ကူပန်း၊ ကျောက် ခက်နှင့်    အာဆီယံသပြေစသည့်   ပန်းအလှပင်များ၊     ပျဉ်းကတိုး၊ ပိတောက်၊ စိန်ပန်း စသည့်နှစ်ရှည်ပင်များနှင့် အရိပ်ရလေကာပင်များကို စီမံ/ဘဏ္ဍာဌာနကြီး၊    သင်ကြားရေးဌာနကြီးနှင့်  သင်တန်းသား/သူ ကိုယ်စားလှယ်များကို ပျိုးပင်များပေးအပ်ကာ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့် က အမှတ်တရ အာဆီယံသပြေပင်အား စိုက်ပျိုးပေးသည်။ 

 


အဆိုပါ   မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့     နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခ (ပညာဌာနမှူး)များ၊ ဌာနမှူးများ၊ သင်ကြားရေး/စီမံဌာန များမှ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား သင်တန်းသူများ စုစုပေါင်းအင်အား ၂၅၀ တက်ရောက်ခဲ့ပြီး  သစ်ပင် ပျိုးပင် စုစုပေါင်း ၁၁၅၀ ကို စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။ 


သတင်းစဉ်