နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်ထက်မြက်၍ စိတ်ဓာတ်နှင့် ခံယူချက် ပိုမိုမြင့်မားစေရန်အတွက် ဗဟိုဝန်ထမ်း တက္ကသိုလ် နှစ်ခုက အမှုထမ်း၊ အရာထမ်း အားလုံးကို အဆင့်လိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ၂၉


ဝန်ထမ်းအဖွဲ့အစည်း    ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၇)နှင့်    အဆင့်မြင့် အရာထမ်း  စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၈)တို့၏    သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉     နာရီတွင်    ဗဟို၀န်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) နဝရတ်ခန်းမ၌ ကျင်းပသည်။

 


သင်တန်း           ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက       သင်တန်းကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၌  အဆင့်မြင့်တာဝန်များကို ထမ်း ဆောင်လျက်ရှိကြပြီး  အနာဂတ် တွင် နိုင်ငံတော်၏   ကြီးမားသည့် လုပ်ငန်းတာဝန်များကို   ဦးစီး ဦးဆောင်  ထမ်းဆောင်ကြမည့် အဆင့်မြင့်   အရာရှိကြီးများ၏ အရည်အသွေးနှင့် ခံယူချက်များ ပိုမိုထက်မြက် မြင့်မားလာစေရန် အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ် ပါကြောင်း၊   ဘာသာရပ်   ပို့ချမှု အနေဖြင့်  ပြည်ထောင်စုဝန်ကြီး ဌာန ၂၀နှင့်   ပြည်ထောင်စုအဆင့်   အဖွဲ့အစည်း  ခုနစ်ခုမှ  အဆင့်မြင့် အရာရှိကြီးများက   ပါဝင်ပို့ချ  ဆွေးနွေးသင်ကြားပေးမည်ဖြစ်ပါ ကြောင်း၊     သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နိုင်ငံ တော်၏ချမှတ်ထားသည့် မူဝါဒ များနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၏   လက်တွေ့ အကောင်အထည်ဖော်   ဆောင် ရွက်နေသည့်  လုပ်ငန်းစဉ်များကို ဘက်စုံထောင့်စုံက  ပိုမိုသိမြင် ဆွေးနွေးနိုင်မည့် အခွင့်အလမ်း ကောင်းကို    ရရှိကြမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်၏ ကြီးလေး သည့် တာဝန်များကို ထမ်းဆောင် ရာတွင်   မိမိလုပ်ငန်းနယ်ပယ် တစ်ခုတည်း  တတ်သိနားလည် ကျွမ်းကျင်ရုံနှင့် မလုံလောက်ဘဲ နိုင်ငံတော်အုပ်ချုပ်မှု  ယန္တရားကြီး တစ်ရပ်လုံး၏  လည်ပတ်ဆောင် ရွက်နေသည့် အခြေအနေများကို နှံ့နှံ့စပ်စပ် သိရှိနားလည်ပြီး မိမိ လုပ်ငန်းတာဝန်များကို   ဟန်ချက် ညီညီထိန်းကျောင်း  ဆောင်ရွက် နိုင်ရန် လိုအပ်ပါကြောင်း။ 

 


“ဝန်ထမ်းကောင်းမှ    နိုင်ငံ ကောင်းမည်”ဆိုသည့် ဆောင်ပုဒ် အတိုင်း  ဝန်ထမ်းများ၏  အရည် အသွေး စွမ်းရည်မြင့်မားအောင် နိုင်ငံတော်က လေ့ကျင့်သင်ကြား ပေးပြီး    ထိန်းကျောင်းနေသည့် နေရာတွင်  အဆင့်မြင့်အရာရှိကြီး များ၏   တာဝန်သိမှုနှင့်  အမြော် အမြင်ရှိမှုမှာ အထူးအရေးကြီးပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ စွမ်း ရည်ထက်မြက်၍  စိတ်ဓာတ်နှင့် ခံယူချက်     ပိုမိုမြင့်မားစေရန် အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ် နှစ်ခုက   အမှုထမ်း၊  အရာထမ်း အားလုံးကို အဆင့်လိုက် လေ့ကျင့် သင်ကြားပေး        လျက်ရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့ အစည်းများကလည်း  ဌာနတွင်း မွမ်းမံသင်တန်းများ   ဖွင့်လှစ်သင် ကြားပေးလျက်ရှိပါကြောင်း။

 


ထို့ပြင်      အဆင့်မြင့်ပညာ များကို             ဆက်လက်လေ့လာ သင်ယူနိုင်ရန်   ပြည်ပနိုင်ငံများရှိ တက္ကသိုလ်၊ အဖွဲ့အစည်းများသို့ တစ်နှစ်လျှင်  ပညာတော်သင် ၂၅၀၀ မှ ၃၀၀၀ ခန့်အထိ စေလွှတ် ပညာသင်ကြား    ပေးလျက်ရှိပါ ကြောင်း၊ နိုင်ငံတော်၌ ဖြစ်ပေါ်ခဲ့ သည့် CDM လှုပ်ရှားမှုများတွင် ကိုယ်ကျိုးစီးပွားနှင့် ဆက်နွှယ် နေသည့်    အဆင့်မြင့်အရာထမ်း အနည်းငယ်နှင့်    အမြော်အမြင် နည်းပါးသည့်   အောက်ခြေအရာ ထမ်း၊  အမှုထမ်း  အချို့ပါဝင်သွား သည်ကို         ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါကြောင်း၊    နိုင်ငံ့ ဝန်ထမ်း (၉၀ ရာခိုင်နှုန်း) ကျော် သည် တာဝန်သိသိ အမြော်အမြင် ရှိရှိ နိုင်ငံတော်ကို သစ္စာစောင့်သိ ကြသည့်အတွက်           နိုင်ငံတော် အုပ်ချုပ်မှု ယန္တရားလည်ပတ်မှု အပေါ်    သက်ရောက်မှုနည်းပါး သော်လည်း ရွေးချယ်လေ့ကျင့်ပေး ထားသည့်  နိုင်ငံ့ဝန်ထမ်းအချို့ ဆုံးရှုံးမှုသည် နိုင်ငံတော်အတွက် သာမက   ကာယကံရှင်  နိုင်ငံ့ ဝန်ထမ်းများအတွက်ပါ   ကြီးမား သည့် သင်ခန်းစာတစ်ရပ် ဖြစ်ပါ ကြောင်း၊ ယင်းဖြစ်စဉ်ဖြစ်ရပ်မျိုး ထပ်မံ   မဖြစ်ပေါ်စေရန်အတွက် အားလုံးကြိုးပမ်း ဆောင်ရွက်ပေး ကြရန်လည်း     မှာကြားလိုပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်း အားလုံး သည်   တာဝန်ယူမှု၊  တာဝန်ခံမှု အပြည့်နှင့်   နိုင်ငံတော်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ မည်သည့်အစိုးရ   အုပ်ချုပ်သည် ဖြစ်စေ    နိုင်ငံတော်နှင့်   ပြည်သူ အကျိုးအတွက်   နိုင်ငံတော်စီမံ အုပ်ချုပ်မှု   ယန္တရားခိုင်မာအောင် သစ္စာရှိရှိ  ထိန်းသိမ်းကြရန်နှင့် ဝန်ထမ်းများ၏  စွမ်းဆောင်ရည် နှင့်  အရည်အချင်းများ အစဉ်အမြဲ တိုးတက်စေရေးကို    အမြဲရှေးရှု ဆောင်ရွက်ရန်တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။

 


သင်တန်းဖွင့်ပွဲတွင် ဝန်ထမ်း အဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ် (၇)သို့    သင်တန်းသား   ၁၂   ဦး၊ သင်တန်းသူ ကိုးဦး စုစုပေါင်း ၂၁ ဦးနှင့်  အဆင့်မြင့် အရာထမ်း စီမံ ခန့်ခွဲမှု  သင်တန်း၊ အမှတ်စဉ် (၈)သို့  သင်တန်းသား၂၅ဦး၊  သင်တန်း သူ  ၂၁ဦး စုစုပေါင်း  ၄၆ဦး  တက် ရောက် ကြပြီး    သင်တန်းကာလမှာ အောက်တိုဘာ ၂၅ ရက်မှ ဒီဇင် ဘာ ၁၇ ရက်ထိ  ရက်သတ္တပတ် ရှစ်ပတ် ကြာမြင့်မည်ဖြစ်သည်။

 


ဆက်လက်ပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ က ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ အမှတ်စဉ်(၇)နှင့် အဆင့်မြင့် အရာ ထမ်း စီမံခန့်ခွဲမှုသင်တန်း၊ အမှတ် စဉ် (၈)မှ သင်တန်းသား၊ သင်တန်း သူများကို “ကုလသမဂ္ဂနှင့် နိုင်ငံ တကာ ဆက်ဆံရေးဘာသာရပ်” ကို    ဆွေးနွေးပို့ချခဲ့ပါကြောင်း သိရသည်။                

သတင်းစဉ်