နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူရမည့်အသက်ကို ၆၂ နှစ်ဟု ပြင်ဆင်သတ်မှတ်

 

နေပြည်တော်   မတ်   ၃၁


နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို ထိန်းသိမ်းရန်၊ လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်း များ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုတို့အရ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက်အထောက်အကူပြုစေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ရန်အလို့ငှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) တွင်   အပ်နှင်းထားသော  လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍   ပြည်ထောင်စုအစိုးရအဖွဲ့၏   သဘောတူညီချက်ဖြင့်   နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၏     နည်းဥပဒေ   ၂၃၀ ပါ   ဝန်ထမ်းတစ်ဦး   အငြိမ်းစားယူရမည့် နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ်ပြည့်သည့်နေ့ဟု နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများဖြင့် ပြင်ဆင်ခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။


သတင်းစဉ်