
နေပြည်တော် ဇန်နဝါရီ ၁၂
နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများ အတွက် ဥပဒေအသိပညာပြန့်ပွား ရေးသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေ ရေးရာဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးက ယခု သင်တန်းသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေ အသိပညာ ပြန့်ပွားရေးလုပ်ငန်း များ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ ဝန်ထမ်း အကြီးအမှူးများကို ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်း တက်ရောက်ပြီးစီး ကြောင်း အသိအမှတ်ပြုလက်မှတ် (Certificate of Legal Advocacy CLA) ပေးအပ်နိုင်စေရန် ဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် ဥပဒေအသိ ပညာပေးသင်တန်းများ ဖွင့်လှစ် ခြင်း၊ ဥပဒေစာအုပ်များ ထုတ်ဝေ ခြင်း၊ ဥပဒေသုတေသနပြုပြီး စာတမ်းများဖတ်ကြားခြင်း၊ ဥပဒေ သတင်းအချက်အလက် စနစ် တည်ထောင်ထားရှိခြင်း စသည့် ဥပဒေဝန်ဆောင်မှုများကို ပုံစံ အမျိုးမျိုးဖြင့် ဆောင်ရွက်လျက် ရှိကြောင်း။
သင်တန်းတွင် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဦးစီးဌာနများ၏ အကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဘာသာရပ်၊ အပြည် ပြည်ဆိုင်ရာနှင့် အာဆီယံဥပဒေ ဘာသာရပ်၊ စီးပွားရေးစာချုပ် စာတမ်းများ စိစစ်ခြင်း ဘာသာ ရပ်၊ အထွေထွေဥပဒေအကြံပေး ရေး ဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့် အထူးဥပဒေများ လက်တွေ့ အသုံးချမှုဘာသာရပ်နှင့် တရားမ ဆိုင်ရာ ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်ကြား ပို့ချခဲ့သည့် ဘာသာရပ်များသည် သင်တန်းသားများ အတွက် လက်တွေ့အသုံးဝင်သည့် ဘာသာ ရပ်များဖြစ်ကြောင်း၊ ပို့ချပေးသည့် ဆရာများသည်လည်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အပါအဝင် ဥပဒေရေးရာ နယ်ပယ် တွင် လုပ်ငန်းအတွေ့အကြုံများစွာ ရှိသည့် ဥပဒေပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်များနှင့် လက်တွေ့ လုပ်ငန်း ဆောင်ရွက်နေကြသည့် ညွှန်ကြားရေးမှူးချုပ်များ ဖြစ် ကြောင်း၊ သင်တန်းသားများ၏ သင်တန်းအပေါ် ထင်မြင်အကြံပြု ချက်များအရ ယခုသင်တန်းသည် သင်တန်းသားများအတွက် ဥပဒေ အသိပညာများစွာ ရရှိကြောင်းနှင့် အကျိုးရှိကြောင်း သိရှိရ၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ သင် တန်းအပေါ် ထင်မြင်အကြံပြုချက် များအရ လိုအပ်ချက်များကို စိစစ်၍ နောင်ဖွင့်လှစ်မည့် သင်တန်းများ ပိုမိုကောင်းမွန်စေ ရေးအတွက် ဖြည့်ဆည်းဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုသင်တန်း၏ အခြေအနေ၊ အချက်အလက်များကိုလည်း နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ သို့ အစီရင်ခံစာ ပေးပို့တင်ပြ သွားမည်ဖြစ်ပြီး ဥပဒေရေးရာ ဝန်ကြီးဌာနတွင်လည်း မှတ်တမ်း များ ထိန်းသိမ်းထားရှိမည်ဖြစ် ကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည် ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် များ၊ သင်တန်းဆရာများ၊ တာဝန် ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယ အမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခ ချုပ်များ ၃၅ ဦး တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်