နိုင်ငံ့ဝန်ထမ်း ဥပဒေ/နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းစနစ်မှန်ကန်စွာဆောင်ရွက်ပြီး မိမိကိုယ်ကို တန်ဖိုးရှိသောသူများဖြစ်အောင် ကြိုးစားဆောင်ရွက်

နေပြည်တော်   ဇန်နဝါရီ   ၂၅


ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ်(၂/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌  ကိုဗစ်-၁၉  ထိန်းချုပ်၊ ကာကွယ် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပသည်။


ပြောကြား


သင်တန်းဆင်းပွဲတွင်    ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ငွေစာရင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဘဏ္ဍာရေး စည်းမျဉ်း/  စည်းကမ်း၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ   စနစ် တကျ လုပ်ဆောင်နိုင်ရန်နှင့် ငွေစာရင်းသွင်းရာတွင်  မှန်ကန်မှုရှိစေရေး၊ ခွင့်ပြုဘဏ္ဍာငွေအတိုင်း သုံးစွဲမှု ရှိစေရေး၊  အသုံးစရိတ်များ  မှန်မှန်ကန်ကန်သုံးစွဲမှု ရှိစေရန်နှင့်  ဘဏ္ဍာရေးဆိုင်ရာ  လုပ်ထုံးလုပ်နည်း များကို တိကျသေချာစွာနားလည်စေရန် ရည်ရွယ်၍   ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းမှ  သင်ကြား ပို့ချခဲ့သော အသိပညာ၊  အတတ်ပညာနှင့်ဗဟုသုတ များကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ ပြန်လည် အသုံးချပြီး မိမိတို့၏အရည်အသွေး/အရည်အချင်း များကို စွမ်းရည်ပြည့်ဝအောင်  လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအချင်းချင်း နိုင်ငံ့ဝန်ထမ်း ကောင်း စိတ်ဓာတ်အပြည့်အဝဖြင့် တစ်ဦးနှင့်တစ်ဦး  အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ပြီး မိမိတို့ ဌာန   တိုးတက်ရေးအတွက်  လက်တွေ့အကောင် အထည်ဖော်   ဆောင်ရွက်သွားကြရန်   တိုက်တွန်း လိုကြောင်း၊    နိုင်ငံ့ဝန်ထမ်း   ဥပဒေ/နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ  နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ပြီး  မိမိကိုယ်ကို  တန်ဖိုးရှိသောသူများ ဖြစ်အောင်    အမြဲတမ်းကြိုးစားသွားကြရန်   လိုအပ် ကြောင်း ပြောကြားသည်။


အဆိုပါ သင်တန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၇  ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅  ရက်အထိ သင်တန်း သား သင်တန်းသူ ၂၁ ဦးကို တစ်လကြာ သင်ကြားပို့ချ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် နေပြည်တော်  ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား  ကွင်း၌ ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်   ပြည်နယ်    အသက်  ၁၈ နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ  အမျိုးသား/အမျိုးသမီး  မီတာ (၁၀၀x၄)လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ (၄၀၀)ပြိုင်ပွဲ၊  အမျိုးသား မီတာ (၁ဝဝဝဝ) လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား သံပြားဝိုင်းပစ် ပြိုင်ပွဲ၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၁၅ဝဝ) ပြိုင်ပွဲများကို  ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများကို ဆုချီးမြှင့်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း  အမှတ်      လူငယ်နှင့်စာပေပွဲတော်  ကျင်းပရာတွင်  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ခင်းကျင်း ပြသမည့်    အားကစားလှုပ်ရှားမှုများ      ပြခန်းသို့ ဆက်လက်သွားရောက်ခဲ့ရာ  ပြခန်းများ  ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး ထပ်မံပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်သည် များကို   တာဝန်ရှိသူများအား   မှာကြားခဲ့ကြောင်း  သိရသည်။                                      

   သတင်းစဉ်