နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း အပိုင်း (၁) အမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂
မြန်မာနိုင်ငံ    စာရင်းကောင်စီမှ ကြီးမှူး၍   ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးအဆင့်မြင့်  စာရင်းကိုင် နှင့်စာရင်းစစ်  သင်တန်းကျောင်း နေပြည်တော်တွင်  ဖွင့်လှစ်သည့် နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံ ခြင်း      စံများဆိုင်ရာ    ဒီပလိုမာ သင်တန်း (Diploma in Intern-ational  Financial  Reporting   Standards-Dip IFRS) အပိုင်း(၁) အမှတ်စဉ်  (၁)  သင်တန်းဖွင့်ပွဲ   အခမ်းအနားကို ယနေ့နံနက်   ၉   နာရီခွဲတွင်       နေပြည်တော်ရှိ      ပြည်ထောင်စု  စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲ         အခမ်းအနားသို့ ပြည်ထောင်စု      စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊           ဒုတိယ စာရင်းစစ်ချုပ်၊  အမြဲတမ်းအတွင်း ဝန်၊   ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ   အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့်တာဝန်ရှိသူများ၊   သင်တန်း ကထိကများနှင့် သင်တန်းသားများ  တက်ရောက်ကြပြီး  မြန်မာနိုင်ငံ စာရင်းကောင်စီမှ   တာဝန်ရှိသူ များက Online ဖြင့် တက်ရောက် ကြသည်။
ဦးစွာ   ပြည်ထောင်စုစာရင်း စစ်ချုပ်   ဒေါက်တာခင်နိုင်ဦးက သင်တန်းသားများအနေဖြင့် နိုင်ငံ တကာဘဏ္ဍာရေး  အစီရင်ခံခြင်းစံ များ၏ သဘောတရား၊ IFRSအသုံး ပြုခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူး များ၊   ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲပြုစုခြင်းဆိုင်ရာ နည်းလမ်း များကို  သိရှိနားလည်  သဘော ပေါက်ပြီး  သင်ကြားပို့ချမှုများကို  လက်တွေ့လိုက်နာ  ကျင့်သုံးနိုင် သည်အထိ        အလေးထားသင်ယူ လေ့လာမှတ်သားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး     အဆင့်မြင့် စာရင်းကိုင်နှင့်      စာရင်းစစ် သင်တန်းကျောင်း နေပြည်တော် သင်တန်းကျောင်း   တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက် များကို ရှင်းလင်းပြောကြားသည်။    
အဆိုပါ  သင်တန်းတွင် IFRS စာရင်းစံ (၉)ခုကို   ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် အခြားဝန်ကြီး ဌာနများမှ သင်တန်းသား စုစုပေါင်း   ၉၀ တက်ရောက်ကြောင်း၊ သင်တန်း ကာလမှာ ဇန်နဝါရီ ၁၈ ရက်မှ ဧပြီ ၄ ရက်အထိ သုံးလကြာ ဖွင့်လှစ် သင်ကြားသွားမည်  ဖြစ်ကြောင်း နှင့်  သင်တန်းအောင်မြင်သူများ အနေဖြင့်   Dip IFRS အပိုင်း (၂)  သင်တန်းသို့    ဆက်လက်တက် ရောက်နိုင်မည်ဖြစ်ပြီး အပိုင်း (၃) သင်တန်းအထိ   အောင်မြင်ပြီး မြောက်သူများကို   ဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်သွားမည်      ဖြစ် ကြောင်း သိရသည်။      သတင်းစဉ်