နိုင်ငံတကာအင်ဂျင်နီယာပညာရေး အသိအမှတ်ပြုမှုကွန်ဖရင့် ၂၀၂၄ အခမ်းအနားကျင်းပ

 

နေပြည်တော်   ဇူလိုင်   ၂၃


အင်ဂျင်နီယာပညာရေးနှင့် နည်းပညာဆိုင်ရာ စဉ်ဆက်မပြတ်တိုးတက်နိုင်စေရေး  ရည်ရွယ်ကျင်းပသည့် နိုင်ငံတကာအင်ဂျင်နီယာပညာရေး  အသိအမှတ်ပြုမှုကွန်ဖရင့် ၂၀၂၄   (International  Conference on Engineering Education Accreditation 2024 - ICEEA 2024)  အခမ်းအနားကို  ယနေ့ မွန်းလွဲပိုင်းတွင် Video Conferencing  ဖြင့် ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယက၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ချာလီသန်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန  ရုံးအမှတ်(၃၀)  အစည်း အဝေးခန်းမမှ တက်ရောက်သည်။ 


ထို့ပြင်    မြန်မာနိုင်ငံ   အင်ဂျင်နီယာကောင်စီ နာယကများ၊    မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ International Engineering Alliance (IEA) ၊  World Federation of Engineering Organizations (WFEO)၊ Federation of  Engineering  Institutions  of  Asia  and  the Pacific (FEIAP) ၊ Engineers Australia (EA)၊ Institute of Engineering Education Taiwan (IEET) ၊  China Association for Science and Technology (CAST)၊ Board of Engineers Malaysia (BEM)၊  Pakistan Engineering Council (PEC) ၊ Institute of Engineers Malaysia (IEM)  စသည့်  နိုင်ငံတကာအင်ဂျင်နီယာ အဖွဲ့အစည်းများမှ     ပုဂ္ဂိုလ်များနှင့်   ပြည်တွင်းရှိ အင်ဂျင်နီယာပညာရှင်များ၊   နည်းပညာရှင်များက သတ်မှတ်နေရာအသီးသီးမှ တက်ရောက်ကြသည်။


အတွေ့အကြုံများမျှဝေသွားကြမည်


ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက၊ ပြည်ထောင်စုဝန်ကြီးက        ယနေ့ပြုလုပ်သည့် International   Conference   on    Engineering Education Accreditation  2024  (ICEEA 2024) အခမ်းအနားကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ အင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ  အရည်အသွေး စိစစ်အသိအမှတ်ပြုရေး  လုပ်ငန်းကော်မတီနှင့် ကမ္ဘာ့ အင်ဂျင်နီယာအဖွဲ့ချုပ်၏    အင်ဂျင်နီယာပညာရေး ဆိုင်ရာကော်မတီတို့မှ     ကြီးမှူးကျင်းပခြင်းဖြစ် ကြောင်း၊   “ရေရှည်တည်တံ့သည့် ကမ္ဘာသို့ဦးတည် သော  ပိုမိုကောင်းမွန်သည့်  အင်ဂျင်နီယာပညာရပ် ဆိုင်ရာ ဖြေရှင်းမှုများ ရရှိလာနိုင်မည့် အင်ဂျင်နီယာ ပညာရေး  (Engineering Education for Better Engineering Solutions To a Sustainable World)” ဟူသော ယခုနှစ်ညီလာခံ၏ ဆောင်ပုဒ်သည် ခေတ် ကာလနှင့်  ကိုက်ညီပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် ခေါင်းစဉ်ဖြစ်ကြောင်း၊  နိုင်ငံတကာနှင့် ပြည်တွင်းရှိ အင်ဂျင်နီယာအဖွဲ့အစည်းများမှ ထင်ရှားကျော်ကြား သည့် ပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ပညာရပ် သင်ကြားမှုနယ်ပယ်မှ ပါမောက္ခ၊ ဆရာ၊ ဆရာမများ နှင့်   အင်ဂျင်နီယာပညာရှင်များအနေဖြင့်   အင်ဂျင် နီယာပညာရေးနှင့်    အသိအမှတ်ပြုမှုရှုထောင့်တို့မှ ၎င်းတို့၏အတွေ့အကြုံ၊ အကြံဉာဏ်များနှင့် သိမြင်မှု များကို  မျှဝေသွားကြမည်ဖြစ်ကြောင်း၊  ယခုညီလာခံ မှ       အင်ဂျင်နီယာပညာရေး      ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင်  အကျိုးဖြစ်ထွန်းမည့်များစွာသော အတွေ့အကြုံများ  ရရှိမည်ဟု    ယုံကြည်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌနှင့်  Federation of Engineering Institutions of Asia and the  Pacific (FEIAP) ၏  ဥက္ကဋ္ဌ၊ World Federation of Engineering Organization (WFEO) ဥက္ကဋ္ဌ Mr. Mustafa B. Shehu တို့က အမှာစကားများ ပြောကြားသည်။
မေးမြန်းဆွေးနွေး
အဆိုပါ ဆွေးနွေးပွဲတွင် World Federation of Engineering Organization (WFEO) ၊ International Engineering   Alliance  (IEA) ၊   Institute of Engineering Education Taiwan (IEET) ၊ Engineers Australia (EA) ၊  Board of Engineers Malaysia (BEM) ၊  TH Georg Agricola University ၊ South Asian University ၊  GIK Institute of Engineering Sciences and Technology, Pakistan ၊ နည်းပညာ တက္ကသိုလ်  (ရန်ကုန်) ၊  Committee on Education in  Engineering, World Federation of Engineering Organization တို့မှ  ဥက္ကဋ္ဌများ၊ ပါမောက္ခချုပ်များနှင့် ပညာရှင်များက   ခေါင်းစဉ်အလိုက်   ဆွေးနွေးခြင်း၊ စာတမ်းတင်သွင်းဖတ်ကြားခြင်းတို့ ဆောင်ရွက်ကြ မည့်အပြင်   တက်ရောက်လာကြသည့်   ပြည်တွင်း ပြည်ပဖိတ်ခေါ်ပညာရှင်များနှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာပညာရှင်များက ဆွေးနွေးခဲ့မှုများအပေါ် သိရှိလိုသည်များ   ဝိုင်းဝန်းမေးမြန်းဆွေးနွေးခြင်း များ    ပြုလုပ်ကြမည်ဖြစ်ပြီး   အဆိုပါဆွေးနွေးပွဲ ကို    နှစ်ရက်ကြာ  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။   
 

သတင်းစဉ်