နိုင်ငံတော်တည်ဆောက်ရေးတွင် အသိပညာ၊ အတတ်ပညာများ ပြည့်ဝသည့် မျိုးဆက်သစ် နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ပေးသည့် ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီး

 

လွိုင်ကော်         အောက်တိုဘာ    ၁၈


၂၀၂၁-၂၀၂၂ ပညာသင်နှစ်  ပညာရေးဘွဲ့ စာပေးစာယူပထမနှစ် (၂/၂၂) သင်တန်းသား သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကယားသဇင်ခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

 


ဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ်က ကြိုဆို နှုတ်ဆက်စကားပြောကြားရာတွင်   နိုင်ငံတော် တည်ဆောက်ရေးတွင် အသိပညာ၊ အတတ်ပညာများ ပြည့်ဝသည့် မျိုးဆက်သစ် နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ပေးသည့် ဆရာ ဆရာမများ၏ အခန်း ကဏ္ဍသည် အရေးကြီးကြောင်း ၊ ဆရာ ဆရာမများ၏ သင်ကြားမှုအရည်အသွေးကို မြှင့်တင်ရန် ခေတ်စနစ် နှင့်အညီ   အတတ်ပညာ  ဖွံ့ဖြိုးတိုးတက်မှုများကို စဉ်ဆက်မပြတ်လေ့လာ၊ လိုက်နာသင်ယူနေရမည်ဖြစ် ကြောင်း ၊ သင်တန်းပြီးဆုံး၍  လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင်       ပညာရေးကဏ္ဍသာမက ကျန်းမာရေး၊ လူမှုရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ကျရာအခန်းကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်နိုင် သည့် လူထုအကျိုးပြုသူများအဖြစ် စွမ်းဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်က   သင်တန်း သား   သင်တန်းသူ၊   ဆရာ  ဆရာမများ၏ ကျွေးမွေး စရိတ်အတွက်        ထပ်ဆောင်းထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ   လွိုင်ကော်ပညာရေး       ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ချယ်ရီထွန်းက  လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်           တာဝန်ရှိသူများက သင်တန်းသား   သင်တန်းသူများအား   ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်     အားပေးစကား      ပြောကြား ခဲ့သည်။

 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက    လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ရှိ စာသင်ဆောင်များတွင် သင်ကြားနေမှုများ၊ စက်မှု၊ ပန်းချီ၊ ဂီတ၊ ကာယ၊  အိမ်တွင်းမှုပညာနှင့်   သိပ္ပံ လက်တွေ့ခန်းများ၊ စာကြည့်တိုက်များသို့ လှည့်လည် ကြည့်ရှုပြီး   သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များ အပေါ်တွင်         ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်   အခြေအနေများကို မှာကြားခဲ့သည်။

 


အဆိုပါ သင်တန်းသို့ ပြည်နယ်အတွင်းရှိ အခြေခံ  ပညာကျောင်းများမှ အရည်အချင်းပြည့်မီသူ ဆရာ ဆရာမ   စုစုပေါင်း  ၁၇၅  ဦး  တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)