နိုင်ငံတော်တာဝန်ကို ဆက်လက်ထမ်းဆောင်မည့်အခြေအနေ

 

v     နိုင်ငံမငြိမ်မသက်ဖြစ်ခြင်းရဲ့ အကျိုးဆက်များဟာ ကမ္ဘာတစ်ဝန်းမှာ နမူနာပေါင်း များစွာရှိနေ ပါတယ်။
v     တပ်မတော်ဟာ ကိုယ်ကျိုးရှာသည့်အဖွဲ့၊ အဖွဲ့အစည်းတစ်ခုအတွက် တည်ရှိနေသော အဖွဲ့အစည်း မဟုတ်ပါဘူး၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံးကို အကာအကွယ်ပေးဖို့ တည်ရှိတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။  ခေတ်အဆက်ဆက်  နိုင်ငံ့ကာကွယ်ရေးတာဝန်များကို  ပြည်သူနဲ့ပူးပေါင်းပြီး ဦးလည်မသုန် ဆောင်ရွက်ခဲ့သလို ယခု ၁၀ နှစ်အတွင်းမှာလည်း ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ပီပြင်ခိုင်မာရေးအတွက် တတ်စွမ်းသလောက် သစ္စာရှိရှိ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလမ်းစဉ် အတိုင်း ကတိတည်စွာနဲ့ ဆောင်ရွက်သွားမယ်ဆိုတာ ပြောလိုပါတယ်။ 
v    ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို  ခြုံငုံသုံးသပ်ကြည့်ပါက ပြည်တွင်း/ပြည်ပ အကြမ်းဖက် သမားတွေနဲ့ ၎င်းတို့ကိုအားပေးနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့ လိုလားချက်မှာ ဒီမိုကရေစီ ထက် မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေပါတယ်။ နိုင်ငံတော်ကာကွယ်ရေးမှာ ပြည်သူများကို  ကာကွယ်ရန်ဖြစ်ပြီး  မင်းမဲ့စရိုက်  အဖြစ်မခံနိုင်ပါဘူး။  လျစ်လျူရှုလို့လည်း မရပါဘူး။ ဒါကြောင့် အချို့နေရာများမှာ စွန့်စားပြီး ပေးဆပ်ကာကွယ်ရခြင်းဖြစ်ပါတယ်။
    (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၏   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (၁) နှစ်ပြည့်   နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍   ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်)