
မန္တလေး ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီက မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်း တိုက်တွင် ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေမှုများကို ဖူးမြော်ရန် ရောက်ရှိလာပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ ဗန်းမော်ဆရာတော်ကြီးအား ဦးစွာဖူးမြော် ကြည်ညို၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေ အနေများကိုလျှောက်ထားပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းပပျောက်ရေးအတွက် မန္တလေး မြို့နှင့် တိုင်းအတွင်း ဆောင်ရွက်နေမှုများ၊ သံဃာတော်များအား ကာကွယ်ဆေးထိုးနှံရေး ဆောင်ရွက်ပေးနေမှုများ၊ ခရိုင်အတွင်းမှ ကျောင်း တိုက်များရှိ သံဃာတော်များ ဆွမ်းအခက်အခဲမရှိရန် ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ လှူဒါန်းသွားရန် ဆောင်ရွက်ထားရှိမှုများကို လျှောက်ထားပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ္ဘောဇသာသနာ့ဗိမာန်တော်ကြီးတွင် ဗန်းမော် ကျောင်းတိုက်နှင့် အနီးဝန်းကျင်ကျောင်းတိုက်ကြီး များမှ ဆရာတော်၊ သံဃာတော်၊ သီလရှင် စုစုပေါင်း ၇၂ ပါးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးနေမှုများကို ကြည့်ရှုကြည်ညိုပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့သည်။
မန္တလေးခရိုင်အတွင်း ရဟန်း၊ သံဃာ၊ သီလရှင် များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ၁၄၉၁ ပါးအား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်