နိုင်ငံတော်ရဲ့အနာဂတ် ရှေ့လုပ်ရမယ့် လုပ်ငန်းစဉ်တွေမှာ မရှိမဖြစ်လိုအပ်တဲ့ ဒီနိုင်ငံသား စိစစ်ရေးကတ်ပြားကို “ပန်းခင်း” ဆိုတဲ့ စီမံချက်နဲ့ လုပ်ပေးနေတာ ဖြစ်ပါတယ်

 

သတင်းအဖွဲ့
 

လူမှုဘဝဆောင်ရွက်ချက်တိုင်းတွင်  မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင် ရေးသည်   နိုင်ငံသားတစ်ဦးချင်းစီအတွက် အရေးကြီးသကဲ့သို့ နိုင်ငံတော်အတွက်လည်း အရေးကြီးပါသည်။  ယခု နိုင်ငံတော်စီမံချက်တစ်ခုအဖြစ် ဆောင်ရွက်နေသော “ပန်းခင်း” စီမံချက်သည်  နိုင်ငံသားတစ်ဦး ဖြစ်ကြောင်း ဥပဒေနှင့်အညီ ခိုင်လုံသောအထောက်အထားတစ်ခု ရရှိကိုင်ဆောင်နိုင်မည့် အခွင့်အရေးလည်း ဖြစ်ပါသည်။ ထို့ကြောင့်   “ပန်းခင်း” စီမံချက်နှင့် ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးအား တွေ့ဆုံမေးမြန်းထားပါသည် -  

 


မေး    ။    ဘာကြောင့် “ပန်းခင်း” စီမံချက်လို့ အမည်         ပေးထားသလဲဆိုတာကို  သိပါရစေ။ 


ဖြေ    ။    “ပန်းခင်း” စီမံချက်ဆိုတာက  ကျွန်တော်        တို့ဝန်ကြီးဌာနက ရွေးချယ်ထားတဲ့၊ အများ သဘောတူတဲ့  အမည်နာမတစ်ခု  ဖြစ်ပါတယ်။ “ပန်းခင်း” စီမံချက်ဖြစ်ပေါ်လာဖို့အတွက် ကျွန်တော် တို့   အဆင့်ဆင့်ဆောင်ရွက်ခဲ့တာတွေ  ရှိပါတယ်။ “ပန်းခင်း” စီမံချက်ဆိုတာကတော့  အခုနိုင်ငံသား တွေ ရသင့်ရထိုက်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား တွေကို အရှိန်အဟုန်နဲ့ ထုတ်ပေးနေတဲ့ စီမံချက် ဖြစ်ပါတယ်။ 
အကျုံးဝင်တဲ့သူတွေကို   နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးဖို့ဆိုတာလည်း ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့   အဓိကလုပ်ငန်းတာဝန်တစ်ရပ် ဖြစ်ပါတယ်။ ဒီ “ပန်းခင်း” စီမံချက် ဘယ်လိုစတင် ဖြစ်ပေါ်လာသလဲဆိုရင် ကျွန်တော်တို့ ၂၀၁၁၊ ၂၀၁၅ ခုနှစ် ပြည်ထောင်စုဝန်ကြီး၊ ယခင် ပြည်ထောင်စု ဝန်ကြီး   လက်ထက်ကာလမှာ  “မိုးပွင့်”  ဆိုတဲ့ စီမံချက်နဲ့   စတင်ဆောင်ရွက်ခဲ့တယ်လို့  ဆိုရမှာ   ဖြစ်ပါတယ်။  ဒီ“မိုးပွင့်”ဆိုတဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးတဲ့  စီမံချက်ရဲ့ ရည်ရွယ်ချက် ကတော့ ပြည်သူတွေ နိုင်ငံသားအခွင့်အရေး အပြည့် အဝရဖို့နဲ့ အနာဂတ်ဘဝ ဖြောင့်ဖြူးသာယာစေဖို့ အတွက် မိုးစက် မိုးပွင့်တွေကြောင့် လူတွေစိတ်ချမ်း သာ၊ ကိုယ်ချမ်းသာနဲ့ အေးမြစေဖို့ ရည်ရွယ်ပြီး တော့ “မိုးပွင့်” ဆိုတဲ့ စီမံချက်ကို စတင်ခဲ့တာ ဖြစ်ပါ တယ်။ 
၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ မိုးပွင့် စီမံချက် (၇) ကြိမ်၊ အထူးစီမံချက် (၁) ကြိမ်ဆိုပြီး စုစုပေါင်း စီမံချက်ကြီး (၈) ကြိမ်နဲ့ နိုင်ငံသားစိစစ် ရေးကတ်ပြားပေါင်း ၈ ဒသမ  ၄ သန်းကို ကျွန်တော် တို့ ထုတ်ပေးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီစီမံ ချက်ကာလရဲ့နောက်ပိုင်း ကျွန်တော်တို့ဝန်ကြီးဌာန ကို လက်ဆင့်ကမ်း တာဝန်ယူခဲ့တဲ့ ဝန်ကြီးဌာန အကြီးအကဲတွေကလည်း ဒီစီမံချက်က ဆက်လုပ် သင့်တဲ့   စီမံချက်လို့   ယုံကြည်ယူဆတဲ့အတွက် ကြောင့် သစ္စာတရားကို အခြေခံထားတဲ့ “သစ္စာ” စီမံချက်နဲ့   နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ဆက်ထုတ်ပေးခဲ့ပါတယ်။   ၂၀၁၆  ကနေ  ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း ၆ ဒသမ ၂ သန်းကို “သစ္စာ” စီမံချက်နဲ့ ဆောင်ရွက် ပေးခဲ့ပါတယ်။ 
အခု  “ပန်းခင်း” စီမံချက်ကာလကို  ရောက်ရှိ လာတဲ့အခါမှာ နိုင်ငံတော်ရဲ့ လိုအပ်ချက်ဖြစ်တယ်၊ နိုင်ငံတော်ကလည်း   မူဝါဒတွေချမှတ်ပြီးတော့ ကျွန်တော်တို့ဝန်ကြီးဌာနကို   တာဝန်ပေးတယ်၊ ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ အဓိကလုပ်ငန်းတာဝန် လည်း  ဖြစ်တဲ့အတွက်  နိုင်ငံသားတွေ  နိုင်ငံသား တစ်ယောက်အဖြစ် အခိုင်အမာ အသိအမှတ်ပြုနိုင်ဖို့ နဲ့ နိုင်ငံတော်ရဲ့အနာဂတ် ရှေ့လုပ်ရမယ့် လုပ်ငန်းစဉ် တွေမှာ မရှိမဖြစ် လိုအပ်တဲ့ ဒီနိုင်ငံသားစိစစ်ရေး ကတ်ပြားကို “ပန်းခင်း” ဆိုတဲ့ စီမံချက်နဲ့ လုပ်ပေး နေတာ ဖြစ်ပါတယ်။ လူတွေအေးမြစေဖို့အတွက် “မိုးပွင့်” နဲ့ စခဲ့တယ်၊ “သစ္စာ” တရားနဲ့ ရှင်သန်ခဲ့ပြီး တော့ ရရှိလာခဲ့တဲ့ အကျိုးကျေးဇူးတွေ၊ အဖူးအပွင့် တွေ၊ အတွေ့အကြုံတွေနဲ့ အခုနိုင်ငံတော်တစ်ဝန်းလုံး အေးချမ်းသာယာပြီး ပြည်သူတွေ စိတ်ချမ်းသာစွာနဲ့ ဖူးပွင့်ဝေဆာနေတဲ့ ပန်းခင်းကြီးတစ်ခု ဖန်တီးပေး ထားတယ်ဆိုတဲ့ သဘောမျိုးနဲ့  ဒီနိမိတ်ဘောင်ကို ယူပြီးတော့ “ပန်းခင်း”  ဆိုတဲ့ အမည်နာမနဲ့ ဆောင် ရွက်နေတာ ဖြစ်ပါတယ်ခင်ဗျ။

 


မေး    ။    “ပန်းခင်း” စီမံချက်ကို ဘယ်လိုပုံစံမျိုးတွေ        နဲ့ ဆောင်ရွက်သွားမယ်ဆိုတာကို  သိချင် ပါတယ်။ 
ဖြေ    ။     “ပန်းခင်း” စီမံချက်ကို နေထိုင်မှုပုံစံ အမျိုး        အစား (၄) မျိုးနဲ့ ဆောင်ရွက်ပေးပါမယ်။
-        ပထမတစ်မျိုးကတော့ လက်ရှိဇာတိဒေသ         မှာ အမြဲတမ်းနေထိုင်ပြီးတော့ အိမ်ထောင်        စု စာရင်းရှိတယ်၊ မှတ်ပုံတင်မရှိတဲ့လူတွေ 
        ပေါ့။
-        ဒုတိယကတော့    လက်ရှိဇာတိဒေသမှာ         အမြဲတမ်းနေထိုင်တယ်၊     အိမ်ထောင်စု        စာရင်းလည်း  မရှိဘူး၊   မှတ်ပုံတင်လည်း        မရှိတဲ့လူတွေ။
-        တတိယအမျိုးအစားကတော့ ရွှေ့ပြောင်း        နေထိုင်သူတွေအတွက်။     မူလဒေသမှာ         အိမ်ထောင်စု စာရင်းရှိတယ်။ လက်ရှိဒေသ
        မှာ မှတ်ပုံတင်မရှိတဲ့လူတွေ။
-        စတုတ္ထကတော့ ရွှေ့ပြောင်းနေထိုင်သူတွေ        အတွက်။   မူလဒေသမှာ    အိမ်ထောင်စု         စာရင်းမရှိဘူး၊ လက်ရှိဒေသမှာ အိမ်ထောင်စု
        စာရင်းလည်းမရှိဘူး၊    မှတ်ပုံတင်လည်း         မရှိတဲ့လူတွေအတွက် ဆောင်ရွက်ပေးသွား        မှာ ဖြစ်ပါတယ်ခင်ဗျ။

 


မေး    ။    ဒါတွေကို    ပြည်သူလူထု    ကျယ်ကျယ်        ပြန့်ပြန့် သိရှိပြီးတော့ လုပ်ငန်းအောင်မြင် အောင် ဆောင်ရွက်နိုင်ဖို့အတွက်ဆိုရင် ဘယ်လိုတွေ ဆောင်ရွက်နေတယ်ဆိုတာကို   ရှင်းပြပေးစေချင် ပါတယ်ရှင်။


ဖြေ    ။     ဒီ “ပန်းခင်း” စီမံချက်ကြီးကို နိုင်ငံတော်        က ချမှတ်ပေးတဲ့  မူဝါဒတွေ၊ လမ်းညွှန်ချက် တွေ၊ ဖြည့်ဆည်းဆောင်ရွက်ပေးမှုတွေနဲ့ ကျွန်တော် တို့ ဝန်ကြီးဌာနက ညွှန်ကြားချက်၊ အမိန့်တွေနဲ့၊ ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် အနီး ကပ် ကြီးကြပ်ပြီးတော့  ဝန်ထမ်းတွေ အားလုံးက စည်းလုံးညီညွတ်စွာနဲ့ စီမံချက်ကို အပိုင်း (၃) ပိုင်းနဲ့ စနစ်တကျ ဆောင်ရွက်နေတာဖြစ်ပါတယ်-
အပိုင်း (၁) ကတော့ကျွန်တော်တို့ဝန်ကြီးဌာနက ဆောင်ရွက်ရတဲ့အပိုင်း၊အပိုင်း (၂) ကတော့ ပူးပေါင်းဆောင်ရွက်မှုအပိုင်း၊အပိုင်း (၃) ကတော့ ပြည်သူလူထု ကျယ်ကျယ် ပြန့်ပြန့်သိရှိစေမယ့်   မီဒီယာကဏ္ဍအပိုင်းပဲ ဖြစ်ပါ တယ်။

 


-    ကျွန်တော်တို့ဝန်ကြီးဌာနက ဆောင်ရွက်တဲ့ အပိုင်းမှာတော့  ဒီ “ပန်းခင်း” စီမံချက်က ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီးတော့ ကာလကန့်သတ်ချက်အရ အချိန်မီ ပြီးစီးဖို့ လိုအပ်တာကြောင့် ကျွန်တော်တို့ ဝန်ကြီး ဌာနမှာ လိုအပ်နေတဲ့  ဝန်ထမ်းအင်အား ဖြည့်တင်း တာတွေ၊ ဝန်ထမ်းသစ်ခန့်ထားတာတွေကို လက်ရှိ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အုပ်ချုပ်မှုကိစ္စတွေ အဆင်ပြေစေဖို့အတွက်လည်း   ဝန်ထမ်းတွေကို ပြောင်းရွှေ့နေရာချ  တာဝန်ပေးတာတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။   အဲဒါအပြင်  ရာထူး လစ်လပ်နေတဲ့ နေရာတွေမှာ ရာထူးတိုးခန့်ထားရေး တွေကိုလည်း ဆောင်ရွက်ပြီးတော့ ပြောင်းရွှေ့နေရာ ချထားတာတွေကိုလည်း   ဆောင်ရွက်လျက်ရှိပါ တယ်။  နောက် ကျွန်တော်တို့နဲ့ တိုင်းနှင့် ပြည်နယ် တွေနဲ့ စဉ်ဆက်မပြတ်  ဆွေးနွေးညှိနှိုင်းပြီးတော့ ပြည်သူလူထုအတွက် ထုတ်ပေးရမယ့် နိုင်ငံသား စိစစ်ရေးကတ်ပြားတွေ၊ မှတ်တမ်းမှတ်ရာ ဆောင် ရွက်ပေးရမယ့် စာရွက်စာတမ်းတွေ သိန်းသန်းနဲ့ ချီပြီးတော့ အချိန်မီရရှိနိုင်အောင်လည်း ကျွန်တော် တို့ဝန်ကြီးဌာနက ဆောင်ရွက်နေတာဖြစ်ပါတယ် ခင်ဗျ။ 

 


-    ပူးပေါင်းဆောင်ရွက်မှု   အပိုင်းအနေနဲ့ ကျွန်တော်တို့ဝန်ကြီးဌာနက ဆက်စပ်တဲ့ ဝန်ကြီး ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေသလို တိုင်းနှင့် ပြည်နယ်   ဝန်ကြီးချုပ်တွေ၊  တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ၊ NCA  လက်မှတ်ရေးထိုးထားတဲ့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊   ပြည်သူ့စစ်တွေ၊ ဒေသတွင်းမှာ         စည်းရုံးစွာဆောင်ရွက်နိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းတွေ ဖြစ်တဲ့  DKBA တို့၊ BGF တို့ စတဲ့ အဖွဲ့အစည်းမျိုး တွေ၊ နိုင်ငံတော်မှာ တရားဝင်ဖွဲ့စည်းရပ်တည်နေတဲ့ NGO အဖွဲ့အစည်းတွေ ဥပမာအားဖြင့် အမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ချုပ်၊ YMBA အသင်း ကြီးစတဲ့  ဒီလိုအသင်းကြီးတွေနဲ့ ညီနောင်အသင်း တွေနဲ့   ပူးပေါင်းပြီး  သူတို့ရဲ့အားကိုယူပြီးတော့  စီမံချက်ကို အရှိန်အဟုန်ကောင်းစွာနဲ့ ဆောင်ရွက် နေတာဖြစ်ပါတယ်။

 


-    တတိယအပိုင်းကတော့ ပြည်သူလူထုတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့အတွက် ဆောင်ရွက် တဲ့ Media ကဏ္ဍမှာတော့ Media Strategy Plan ချမှတ်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီမှာလည်း ကျွန်တော်တို့ဝန်ကြီးဌာနနဲ့ ပြည်နယ်နှင့် တိုင်း အဖွဲ့တွေနဲ့ Online နဲ့ Offline Media (၂) မျိုး လုံးကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။   Online  Media မှာ ဆိုရင်တော့ Facebook Page တွေ၊ Website တွေ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနက လွှင့်တင်ထားတဲ့ Facebook Page တစ်ခုဖြစ်တဲ့ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုတဲ့ Facebook Page မှာ ကျွန်တော်တို့ ပြည်ထောင်စု ဝန်ကြီးရဲ့ ပန်ကြားလွှာ၊ ပြည်သူလူထုတွေ သိသင့် သိထိုက်တဲ့   အချက်အလက်တွေ၊  တိုင်းရင်းသား ဘာသာစကားနဲ့ လွှင့်တင်တာတွေ၊ နောက်  တိုင်း နှင့် ပြည်နယ်က ဆောင်ရွက်ချက်တွေကို လွှင့်တင် ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ 

 


Website မှာလည်း ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ Website အပါအဝင် ဆက်စပ်ထားတဲ့ ဝန်ကြီးဌာန Website တွေ၊ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့တွေရဲ့ Website တွေနဲ့ ပြည်သူတွေ သိသင့်သိထိုက်တာ တွေကို     လွှင့်တင်ဆောင်ရွက်လျက်ရှိပါတယ်။  Offline Media မှာ တော့ Printed Media ဖြစ်တဲ့ သတင်းစာတွေ၊   ဂျာနယ်တွေ၊  ဆောင်းပါးတွေ ထည့်တာတွေ၊  ပြည်သူလူထု သိသင့်သိထိုက်တဲ့ အချက်အလက်တွေ ဖြန့်ဝေတာတွေလုပ်ပါတယ်၊ Pamphlet တွေ ဖြန့်ဝေတာတွေ ဆောင်ရွက်ပါတယ်။ မြန်မာ့အသံနှင့်   ရုပ်မြင်သံကြားနဲ့  TV Channel တွေမှာလည်း   Talk Show တွေ၊ စကားဝိုင်းတွေ၊ တွေ့ဆုံမေးမြန်းခန်းတွေ၊ TV Spot လို ပြည်သူ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ကြေညာ စာတန်းထိုးတာတွေ၊ တေးသီချင်းတွေနဲ့ဆောင်ရွက် ဖို့ စီစဉ်နေပါတယ်။ 

 


FM Radio နဲ့ Radio အသံလွှင့်ဌာနတွေမှာလည်း တိုင်းရင်းသားဘာသာစကားနဲ့ တိုင်းရင်းသားမိဘ၊ ပြည်သူများပါသိအောင်   ကျွန်တော်တို့  လွှင့်တင် ဆောင်ရွက်နေတာ    ဖြစ်ပါတယ်။   အဲဒီတော့ ကျွန်တော်တို့ရဲ့ “ပန်းခင်း” စီမံချက်ကို ပြည်သူတွေ နားထဲမှာ သိရှိနားလည်လာပြီးတော့ ပြည်သူတွေ အတွက် ဘယ်လောက်အရေးကြီးတယ်၊ နိုင်ငံတော် အတွက်    ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလာခြင်းအားဖြင့် ပြည်သူတွေ ပိုမိုပူးပေါင်းပါဝင် လာအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  

 


မေး    ။    နိုင်ငံတော်ရဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှု        အနေနဲ့   ဝန်ကြီးဌာနနဲ့  ပြည်သူလူထု၊ ဝန်ထမ်းတွေအပေါ်မှာ ဘယ်လိုတွေ ဖြည့်ဆည်း ဆောင်ရွက်ပေးလဲဆိုတာကို သိပါရစေ။


ဖြေ    ။     “ပန်းခင်း” စီမံချက်က      အရှိန်အဟုန်             ကောင်းကောင်းနဲ့   လုပ်ရတာဖြစ်တဲ့ အတွက် ကျွန်တော်တို့ဝန်ကြီးဌာနမှာ လိုအပ်နေတဲ့ ဝန်ထမ်းအရေအတွက်၊ ဝန်ထမ်းသစ်တွေ ခန့်ထားဖို့ အတွက် နိုင်ငံတော်ကို တင်ပြတဲ့အချိန်မှာ နိုင်ငံတော် က ကျွန်တော်တို့ ဝန်ထမ်းတွေ ခန့်အပ်ဖို့ ခွင့်ပြုပြီး တော့ အခုလက်ရှိမှာ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ နောက် ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်  မှတ်ပုံတင်လုပ်တဲ့ အချိန်မှာ လိုအပ်တဲ့ သွေးစစ်တာတွေ၊ ဓာတ်ပုံရိုက် တာတွေကို နိုင်ငံတော်ကနေ တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးနိုင်အောင် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ကနေတစ်ဆင့်   ညွှန်ကြားဆောင်ရွက်နေတာတွေ ရှိပါတယ်။ အလားတူပဲ ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ ကွင်းဆင်းဆောင်ရွက်တဲ့အခါမှာ   ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်၊ သွားလာနေထိုင်တဲ့အခါမှာ သက်သာ ချောင်ချိမှုတွေ ရရှိအောင်       ဝန်ထမ်းတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးတာတွေကို နိုင်ငံတော် ကနေ အင်ပြည့်အားပြည့် ဆောင်ရွက်ပေးနေတာ တွေရှိပါတယ်။ 

 


မေး    ။    “ပန်းခင်း”   စီမံချက်နဲ့   ပတ်သက်ပြီးတော့           အခုအချိန် ကိုဗစ်ကာလမှာ ကျန်းမာရေး အတွက်   ကန့်သတ်ချက်တွေ   ရှိနေတဲ့ကာလ ဖြစ်တဲ့အတွက်   ဘယ်လိုတွေ   ဆောင်ရွက်နေပါ  သလဲ။ 


ဖြေ    ။     ဒီစီမံချက်ကာလက       ကျွန်တော်တို့ရဲ့         အချိန်ကန့်သတ်ချက်နဲ့  ဆောင်ရွက်နေ တာဖြစ်တဲ့အတွက် အခုလိုအခြေအနေမှာ ရုံးမှာ ရော၊ ကွင်းဆင်းတာရောကို ရတဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်နေပါတယ်။ လက်ရှိ အနေအထားအရတော့  ကွင်းဆင်းဆောင်ရွက်လို့ ရှိရင် All One Stop Service ဖြစ်နိုင်အောင်  ပြင်ဆင် ဆောင်ရွက်နေတာ   ရှိပါတယ်။  ဒါတွေကတော့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ကြိုတင် ညှိနှိုင်းထားတာတွေ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေနဲ့ ကြိုတင်လူစုပြီးတော့ ရှေ့ပြေး လျှောက်လွှာတွေ   ဖြည့်စွက်နိုင်အောင်  ကြိုတင် ဆောင်ရွက်ထားတာတွေကို  အခု လက်ရှိလုပ်နေ ပါတယ်။ 

 


ရုံးမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအနေနဲ့ ကတော့ ဝန်ထမ်းတွေအနေနဲ့ ရှေ့ပြေးလျှောက်လွှာ တွေကို ကြိုပို့ထားလို့ ရှေ့ပြေးလျှောက်လွှာတွေနဲ့ အတူ ရုံးမှာလာလုပ်ချင်ရင်လည်း လုပ်လို့ရအောင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ တစ်နေ့ကို အင်အား ၄၀၊ ၅၀ ခန့်ကို ဆောင်ရွက်ပေး နေပါတယ်။ အလားတူ  ရုံးတွေမှာရှိတဲ့ အိမ်ထောင်စု ဇယားတွေထဲက မိသားစုဝင်တွေက မှတ်ပုံတင်ရပြီး ဖြည့်စွက်ထားခြင်းမရှိတဲ့ ကွက်လပ်တွေကိုလည်း ရုံးမှာရှိတဲ့  မှတ်တမ်းတွေနဲ့   တိုက်ဆိုင်စစ်ဆေး ပြီးတော့ ဒီကွက်လပ်တွေကို မှတ်ပုံတင်ရပြီးသား အဖြစ် ဖြည့်စွက်ဆောင်ရွက်နေတာတွေလည်း ရှိပါ တယ်။ နောက် ရှေ့ပြေးလျှောက်လွှာတွေ ကျွန်တော် တို့ ရုံးကိုရောက်လာတဲ့အချိန်မှာ ရှေ့ပြေးလျှောက် လွှာတွေမှာပါတဲ့    အချက်အလက်တွေအတိုင်း လူတစ်ဦးချင်းစီအတွက် မှတ်ပုံတင်ထုတ်ပေးရင် အဆင်သင့်ဖြစ်အောင်     ဖိုင်တွေဖွဲ့ထားပြီးတော့ ကွင်းဆင်းတဲ့အချိန်မှာ      ဆောင်ရွက်နိုင်အောင် ပြင်ဆင်ဆောင်ရွက်နေတာတွေရှိပါတယ်။ ဒါကြောင့်  အခုလုပ်နေတာတော့ ကွင်းဆင်းဖို့ ကြိုတင်ပြင်ဆင် ထားတာတွေရော၊ ရုံးမှာ ဆောင်ရွက်တာတွေရောကို အချိန်နဲ့တစ်ပြေးညီ ရရှိတဲ့အချိန်အတွင်းမှာ  မှတ်ပုံ တင် ထုတ်ပေးရေးလုပ်ငန်းအတွက် ပြင်ဆင်ဆောင် ရွက်နေကြောင်း ရှင်းလင်းတင်ပြလိုပါတယ်။ 

 


မေး    ။    မှတ်ပုံတင်လာလုပ်ရမယ့် လူတွေအတွက်         ဘယ်လို   အထောက်အထားတွေ  လိုပါ သလဲ။ လိုတဲ့အထောက်အထားတွေကို ပြည်သူတွေ သိအောင် ဘယ်လိုတွေ လုပ်ဆောင်ပေးနေပါသလဲ။ 


ဖြေ    ။    Website တွေ၊ Facebook Page တွေမှာ        လည်း ရှင်းလင်းတင်ပြထားသလို မြို့နယ် တွေမှာရှိတဲ့ မြို့နယ်တိုင်းရဲ့ ရုံးရှေ့တွေမှာရော၊ ပြည်သူလူထု      မြင်သာတဲ့နေရာတွေမှာရော ဗီနိုင်းတွေနဲ့၊   ဆိုင်းဘုတ်တွေနဲ့  လူတွေသိအောင်၊ ပြည်သူတွေသိအောင် ကြေညာပေးထားပါတယ်။ Pamphlet တွေ ဝေငှခြင်းအားဖြင့်လည်း ပြည်သူ လူထု ကြိုတင်ဆောင်ရွက်ရမယ့် အချက်တွေ၊  ရုံးက ဆောင်ရွက်ရမယ့်အချက်တွေကို     သိအောင်  ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပါတယ်။  Media ကဏ္ဍ နဲ့  ဒါတွေကို  ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သိအောင် ဆက်လက်ဆောင်ရွက်သွားမှာ     ဖြစ်ကြောင်း ရှင်းလင်းတင်ပြလိုပါတယ်။ 

 


မေး    ။    အခုအချိန်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား        ကို ဘယ်လိုအသက်အရွယ်တွေကို ဦးစား ပေးပြီးတော့ လုပ်ဆောင်ပေးနေလဲဆိုတာကို သိချင် ပါတယ်။ 


ဖြေ    ။    အခုချိန်မှာတော့ အသက်   ၁၆ နှစ်ကနေ         ၁၈     နှစ်ကြား၊    ၁၈    နှစ်အထက်၊ ကျွန်တော် ရှင်းလင်းတင်ပြခဲ့တဲ့ နေထိုင်မှုပုံစံ (၄)မျိုးစလုံးကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ 

 


ဒီမှာတစ်ဆက်တည်းပဲ နေထိုင်မှုပုံစံ (၄) မျိုး ကို ဆောင်ရွက်ပေးနေတဲ့ အချက်လေးကို ရှင်းလင်း တင်ပြလိုပါတယ် -


     (၁)        ပထမတစ်မျိုးကတော့   လက်ရှိဇာတိ ဒေသမှာ အမြဲတမ်းနေထိုင်တယ်။ အိမ်ထောင်စု စာရင်းရှိတယ်။   မှတ်ပုံတင်မရှိတဲ့လူတွေ  ဖြစ်ပါ တယ်။  ကျွန်တော်တို့က  မြို့နယ်ရုံးတွေမှာရှိတဲ့ ရုံးလက်ခံထဲကနေပြီးတော့ အိမ်ထောင်စုစာရင်း တွေမှာပါတဲ့  မိသားစုဝင်တွေကို ပြုစုပါတယ်။ အဲဒီ ပြုစုလို့ရတဲ့   စာရင်းတွေကို  ရပ်ကွက်၊  ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့    တိုက်ဆိုင်စိစစ်ပြီးတော့ မှတ်ပုံတင်     တကယ်မရှိတဲ့သူတွေကို     ရှေ့ပြေး လျှောက်လွှာတွေကို    ပေးပါတယ်။   ရှေ့ပြေး လျှောက်လွှာတွေ  ကျွန်တော်တို့ဆီကို ပြန်ရောက် လာတဲ့အခါမှာ ရုံးမှာသော်လည်းကောင်း၊ ကွင်းဆင်း တဲ့အချိန်မှာသော်လည်းကောင်း၊ ဒီပြည်သူတွေက မှတ်ပုံတင်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ 

 


 (၂)    ဒုတိယ   အမျိုးအစားအနေနဲ့ကတော့ လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်ပြီးတော့ အိမ်ထောင်စုစာရင်းမရှိဘူး၊ မှတ်ပုံတင်လည်း မရှိတဲ့ လူတွေ   ဖြစ်ပါတယ်။  ဒါကတော့  မြေပြင်မှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းစပ် ပြီးတော့ ကွင်းဆင်းဆောင်ရွက်တဲ့အခါမှာ လက်ရှိ ဇာတိဒေသမှာ အမြဲတမ်းနေထိုင်တဲ့ အိမ်ထောင်စု စာရင်းတွေကို ရရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ က (၅) ဦးကော်မတီနဲ့    စိစစ်အတည်ပြုပါတယ်။ (၅)    ဦးကော်မတီဆိုတာတော့     နိုင်ငံတော်က တရားဝင်ဖွဲ့စည်းပေးထားတဲ့ အိမ်ထောင်စုစာရင်း နဲ့ မှတ်ပုံတင်ထုတ်ပေးဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။  မြို့နယ်လူဝင်မှုကြီးကြပ် ရေးဦးစီးမှူးက ဥက္ကဋ္ဌ၊ (မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီး ဌာန)က ဦးစီးအရာရှိတွေက အဖွဲ့ဝင်တွေဖြစ်ပြီး တော့၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက အတွင်းရေးမှူး ဖြစ်ပါတယ်ခင်ဗျ။ ဒီ (၅) ဦးကော်မတီ က အတည်ပြုထားတဲ့ အိမ်ထောင်စုစာရင်းမှာပါတဲ့ မိသားစုတွေ အားလုံးကို  မှတ်ပုံတင်ထုတ်ပေးသွား မှာဖြစ်ပါတယ်။  

 


(၃)    တတိယအမျိုးအစားကတော့ ရွှေ့ပြောင်း သွားလာနေထိုင်သူတွေအတွက်။   မူလဒေသမှာ အိမ်ထောင်စုစာရင်းရှိတယ်၊ လက်ရှိမှာ မှတ်ပုံတင် မရှိတဲ့လူတွေ ဖြစ်ပါတယ်။   ဒါကတော့ လက်ရှိဒေသ မှာ နေထိုင်မှုကို  စိစစ်တဲ့အချိန်မှာ လက်ရှိဒေသမှာ နေထိုင်တယ်ဆိုရင်တော့ မူလဒေသက အိမ်ထောင်စု စာရင်းကို   လက်ရှိဒေသမှာ  ပြောင်းရွှေ့ချင်တယ် ဆိုရင်   မြို့နယ်အချင်းချင်း  ချိတ်ဆက်ပြီးတော့ အိမ်ထောင်စုပြောင်းဝင်၊ ပြောင်းထွက်ကို လုပ်ပေး ပါတယ်။ အဲဒီလို အိမ်ထောင်စုစာရင်းရပြီဆိုရင် လက်ရှိဒေသမှာ အိမ်ထောင်စုစာရင်းအရ ပါဝင်တဲ့ မိသားစုဝင်အားလုံးက မှတ်ပုံတင်လုပ်နိုင်မှာ ဖြစ်ပါ တယ် (သို့မဟုတ်) ကာယကံရှင်က မူလဒေသမှာပဲ မှတ်ပုံတင် ပြန်လုပ်ချင်တယ်ဆိုရင်တော့ မြို့နယ်ရုံး အချင်းချင်း အကြောင်းကြားပေးထားတာဖြစ်တဲ့ အတွက်    အလွယ်တကူပဲ  မူလဒေသမှာရှိတဲ့ အိမ်ထောင်စုစာရင်းအတိုင်း မှတ်ပုံတင်ဆောင် ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ 

 


(၄)    စတုတ္ထအမျိုးအစားကတော့ မူလဒေသ မှာ အိမ်ထောင်စုစာရင်းမရှိဘူး။ လက်ရှိပြောင်းရွှေ့ နေတဲ့ဒေသမှာလည်း အိမ်ထောင်စုစာရင်းလည်း မရှိဘူး။ မှတ်ပုံတင်လည်းမရှိတဲ့လူတွေ ဖြစ်ပါတယ်။ ဒါမျိုးကိုတော့ ကျွန်တော်တို့က မြေပြင်မှာစိစစ်တဲ့ အချိန်မှာ ရရှိလာတဲ့ အိမ်ထောင်စုစာရင်းတွေကို မူလဒေသမှာ တကယ်နေထိုင်ခဲ့ခြင်း ရှိ/ မရှိကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးချင်း ညှိနှိုင်းပြီး မေးပါတယ်။ အဲဒီက အတည်ပြုချက်ရပြီဆိုရင်တော့ လက်ရှိဒေသမှာ (၅) ဦးကော်မတီနဲ့ လက်မှတ် ရေးထိုးထားတဲ့ M တံဆိပ်ပါတဲ့ အိမ်ထောင်စုစာရင်း ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီအိမ်ထောင်စုစာရင်း က   သူတို့အတွက်  တရားဝင်ရေရှည်ကိုင်ဆောင် အသုံးပြုသွားရမယ့်  အိမ်ထောင်စုစာရင်း ဖြစ်ပါ တယ်။ အဲဒီမှာတော့  M တံဆိပ် ရိုက်နှိပ်ထားပြီးတော့ ဒါကတော့ လက်ရှိနေတဲ့ အိမ်၊ ခြံ၊ တိုက်ခန်းတွေနဲ့ မည်သည့် ပိုင်ဆိုင်မှုနှင့်မှ သက်ဆိုင်တာ မဟုတ်ဘဲနဲ့ အိမ်ထောင်စုစာရင်းလုပ်ဖို့အတွက်    ရေရှည် တရားဝင်  ကိုင်ဆောင်နိုင်တဲ့  အိမ်ထောင်စုစာရင်း ဖြစ်ပါတယ်။ ဒီအိမ်ထောင်စုစာရင်း ရရှိသွားပြီဆိုရင် တော့ ဒီအိမ်ထောင်စုစာရင်းထဲမှာပါတဲ့ မိသားစုဝင် တွေ၊ နိုင်ငံသားတွေအားလုံးက ရှေ့ပြေးလျှောက်လွှာ ကို ဖြည့်စွက်ပြီးတော့ မှတ်ပုံတင်ကို ဆောင်ရွက် သွားနိုင်မှာဖြစ်ကြောင်းကို    တစ်ဆက်တည်း ရှင်းလင်းတင်ပြလိုပါတယ်။ 

 


မေး    ။    “ပန်းခင်း” စီမံချက်    လုပ်ဆောင်နေတဲ့        အခါမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရှိပါသလား။   
ဖြေ    ။    အခက်အခဲတွေကတော့ ရှိပါတယ်။ ဒါ အခု        လက်ရှိ Stay at Home ကာလ သတ်မှတ် ထားတဲ့ မြို့နယ်တွေရှိတယ်။  ကိုဗစ်-၁၉  ရောဂါ စည်းကမ်းအရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ထားတဲ့ အမိန့်နဲ့ညွှန်ကြားချက်တွေ ရှိတယ်။ လုံခြုံရေးအရ အထိုက်အလျောက် ကန့်သတ်ချက် ရှိတဲ့ နေရာတွေရှိပါတယ်။ ဒါတွေကိုတော့ လုံခြုံရေး အဖွဲ့အစည်းတွေနဲ့   ပြည်သူလူထုနဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းအင်အားနဲ့ စနစ်တကျ စီမံပြီးတော့ ရုံးမှာရော၊ ကွင်းဆင်းတဲ့ အချိန်မှာရော   ဆောင်ရွက်နိုင်အောင်  ကြိုတင် ပြင်ဆင်ထားပြီးတော့ Time Frame နဲ့  ဆောင်ရွက် တာ ဖြစ်တဲ့အတွက် ဒီအခက်အခဲတွေ ကျော်လွှားပြီး တော့ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ 
ကျေးဇူးတင်ပါတယ်။