နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံမှ ထိခိုက်စေနိုင်သည့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရေးသည် အလွန်အရေးကြီး

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်

 

နေပြည်တော်  ဒီဇင်ဘာ  ၉


အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးနေ့အခမ်းအနားကို   ယနေ့     နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်    တက်ရောက် အမှာစကားပြောကြားသည်။

 


အခမ်းအနားသို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး   မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနု စိန်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင် စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊   ဒုတိယဝန်ကြီးများ၊    အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့မှ  တာဝန်ရှိသူများနှင့်  ဖိတ်ကြား ထားသူများ တက်ရောက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Confer-encing ဖြင့် တက်ရောက်ကြသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   အမှာစကားပြောကြား ရာတွင်     မိမိတို့နိုင်ငံသည်     ၂၀၀၅       ခုနှစ်တွင်      ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းကို  လက်မှတ်ရေးထိုးခဲ့ပြီး  ၂၀၁၂  ခုနှစ် တွင်  ၁၆၅  နိုင်ငံမြောက်  အဖွဲ့ဝင်နိုင်ငံ  ဖြစ်လာခဲ့ပါ ကြောင်း၊ ကွန်ဗင်းရှင်းက       ချမှတ်ထားသည့်အချက်များ၊ လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များကို    သဘောတူ လက်မှတ်ရေးထိုးထားပြီး     အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 


နှစ်စဉ်ကျင်းပပြုလုပ်


နှစ်စဉ် ဒီဇင်ဘာလ  ၉  ရက်နေ့ကို  အပြည်ပြည် ဆိုင်ရာ  အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပြီး     ကုလသမဂ္ဂ        အဂတိလိုက်စားမှု တိုက်ဖျက်ရေး     ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများက အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိရာ မိမိတို့ မြန်မာနိုင်ငံ ကလည်း ၂၀၁၇ ခုနှစ်မှစပြီး  နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိပါကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ     အနေဖြင့် နိုင်ငံတော်၏တာဝန်များကို     နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)နှင့်အညီ   တာဝန်ယူ ထမ်းဆောင်နေစဉ်ကာလအတွင်း  ချမှတ်ထားသည့် နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေး  ဦးတည်ချက်များနှင့် အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်း သားပြည်သူအားလုံး   စည်းလုံးညီညွတ်ရေး၊  လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊     ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို   အခြေခံသည့်      ပြည်ထောင်စု တည်ဆောက်ရေးအတွက်    အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 


အရေးယူဆောင်ရွက်လျက်ရှိ


ထိုသို့    ဆောင်ရွက်ရာတွင်    နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုနှင့်     တည်ငြိမ်အေးချမ်းမှုကို    ဘက် ပေါင်းစုံမှ ထိခိုက်စေနိုင်သည့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရေးသည် အလွန်အရေး ကြီးပါကြောင်း၊ အဂတိလိုက်စားမှုသည် အကျင့်ပျက် ခြစားမှုများနှင့် လူများ၏စိတ်ဓာတ်နှင့် စာရိတ္တများ ပျက်စီးစေပြီး   နိုင်ငံအတွက်   အန္တရာယ်ဖြစ်သဖြင့် နိုင်ငံတော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်း ထားပြီး ထိရောက်သည့် ဟန့်တားဆောင်ရွက်မှုများ နှင့်   အရေးယူဆောင်ရွက်ခြင်းများကို  ဆောင်ရွက် လျက်ရှိနေပါကြောင်း၊ ပြောင်းလဲလာသည့် ခေတ်နှင့် အညီ ပုံစံအမျိုးမျိုးဖြင့် ပေါ်ပေါက်လာသည့် အဂတိ လိုက်စားမှုများကို တားဆီးကာကွယ်အရေးယူနိုင်ရန် အတွက်   အဆိုပါဥပဒေကို     စတုတ္ထအကြိမ်အထိ ပြင်ဆင်ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊   ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုလည်း အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ်  ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

 


ဘက်ပေါင်းစုံက ဆောင်ရွက်


သန့်ရှင်းသောအစိုးရနှင့်      ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်လာစေရေး၊ အများပြည်သူ ဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူ နိုင်မှု မြင့်မားတိုးတက်လာစေရေး၊ လူ့အဖွဲ့အစည်း၊ နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ ကို   ထိခိုက်မှုမရှိစေရေးတို့အတွက်    မိမိတို့အနေဖြင့် ဘက်ပေါင်းစုံက   အလေးထား   ဆောင်ရွက်လျက်ရှိ သည်ကို အသိပေးပြောကြားလိုပါကြောင်း။

 


အဂတိလိုက်စားမှုကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် လာဘ်ပေးလာဘ်ယူခြင်းထက်      ပိုမိုကျယ်ဝန်းပါ ကြောင်း၊ ခြိမ်းခြောက်ငွေညစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစား ပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်ပစ္စည်း အဖြစ်သုံးစွဲခြင်း၊  မလျော်ဩဇာသုံး၍  မဲဆွယ်ခြင်း၊ မိမိ မိသားစုနှင့် ဆွေမျိုးကောင်းစားရေးဝါဒ အသုံးပြု ခြင်း၊ မိမိနှင့် နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒ ရှိခြင်းတို့သည် အဂတိလိုက်စားမှုမြောက်သည့် အပြု အမူများ ဖြစ်ပါကြောင်း။

 


နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏   ငွေကြေး၊  ပစ္စည်းနှင့် ပိုင်ဆိုင်မှုများကို   ထိခိုက်နစ်နာစေခဲ့ပါက    အဂတိ လိုက်စားမှုမြောက်မည်ဖြစ်သည့်အတွက်    တည်ဆဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ    သတိထားလိုက်နာလုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊   လုပ်ထုံးလုပ်နည်းများနှင့်   စပ်လျဉ်းပြီး မရှင်းလင်းသည့်     အချက်များ၊     ဒွိဟဖြစ်ဖွယ်ရာ အကြောင်းအရာများတွေ့ရှိပါက        သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်  ဌာန၊  အဖွဲ့အစည်းများထံမှ သဘောထားမှတ်ချက်တောင်းခံပြီး ပေးပို့လာသည့် သဘောထားမှတ်ချက်များနှင့်အတူ     အထက်အဖွဲ့ အစည်းသို့     လမ်းညွှန်မှုခံယူဆောင်ရွက်သွားရန် လိုအပ်သည်ကို ပြောကြားလိုပါကြောင်း။

 


အကျင့်ပျက်ခြစားမှုများ မရှိစေရေး


အဂတိလိုက်စားမှု    လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှု တစ်ခု တည်းဖြင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိ နိုင်ပါကြောင်း၊  အဂတိလိုက်စားမှုကို  လုံးဝလက်မခံ သည့်  ယဉ်ကျေးမှုတစ်ရပ်  ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေးအတွက် အခြေခံ အကျဆုံးဖြစ်သည့်   အသိပညာပေးရေးနှင့်   တားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ      အချိန်နှင့် တစ်ပြေးညီ     အလေးထားလုပ်ဆောင်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 


အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရ သည် အများပြည်သူ၏ အကျိုးစီးပွားကို ကာကွယ် ပေးရန်နှင့်    အဂတိကင်းစင်သည့်  လူ့အဖွဲ့အစည်း ဖြစ်စေရန်ဖြစ်ပါကြောင်း၊  ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူ များအကြား ပေါင်းကူးတံတားများသဖွယ် ဆက်သွယ် ဆက်ဆံပြီး    ယုံကြည်မှုတည်ဆောက်ပေးရသူများလည်းဖြစ်ပါကြောင်း၊ ကောင်းမွန်သည့်အုပ်ချုပ်ရေး ကို ပုံဖော်ရာတွင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များသည်    အရေးပါသကဲ့သို့    ပြည်သူ့ ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့်   ကျင့်ဝတ်စောင့်ထိန်းမှု များမှ လမ်းချော်လွဲမှားသွားစေသည့် အဓိကအချက် မှာ အဂတိလိုက်စားမှုပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်    သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊  လုပ်ထုံးလုပ်နည်း၊  ကျင့်ဝတ် များနှင့်အညီ   လိုက်နာဆောင်ရွက်ကြမည်ဆိုပါက ပြည်သူများ၏ ယုံကြည်မှုကိုရရှိပြီး ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ်ကို   ဖြစ်ပေါ်စေပြီး   နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြောင့်မတ်တည်ကြည်မှုရှိစေရေးနှင့် အဂတိလိုက်စား မှု တိုက်ဖျက်ရေးတို့တွင်  ပူးပေါင်းပါဝင်လာစေရေး အတွက်    ထုတ်ပြန်ထားသည့်  ကျင့်ဝတ်များကို လိုက်နာကြစေရေးနှင့်  ကျင့်ဝတ်ဆိုင်ရာ သင်တန်း များသည်လည်း အရေးပါသည်ကို အသိပေးပြောကြား လိုပါကြောင်း။

 


“အဂတိလိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှု များလေ၊   ဆင်းရဲနွမ်းပါးမှုများလေလေ   အဂတိ လိုက်စားမှုများလေ”   ဖြစ်သည့်အတွက်   အဂတိ လိုက်စားမှုတိုက်ဖျက်ရေး    မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို ရေးဆွဲချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊  အဆိုပါ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်တွင် တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်း စစ်ဆေးအရေးယူခြင်းဆိုသည့်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်သုံးရပ်ကို ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်ကြစေရန် ရေးဆွဲထားပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေး မျှော်မှန်းချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဖြစ်ပါကြောင်း၊ ဆက်စပ်ပြီး ပြည်တွင်းစီးပွားရေးမြှင့်တင်ခြင်းဖြင့်   ပြည်သူတို့၏ ဘဝ ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်ပါကြောင်း၊ တစ်နည်းအား ဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးခြင်း ဖြစ်ပါကြောင်း၊ ပြည်တွင်းစီးပွားရေးတိုးတက်လာပါ က  ဆင်းရဲနွမ်းပါးမှု   လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆက်စပ်နေသည့် လုပ်ငန်းများအားလုံး အောင်မြင်ရန်    မိမိတို့   ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း။

 


ထိန်းသိမ်းဆောင်ရွက်ကြရန်လို


အဂတိလိုက်စားမှုတိုက်ဖျက်ရေး   မဟာဗျူဟာ စီမံချက်နှင့်အညီ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း များ၏    ဖြောင့်မတ်တည်ကြည်မှု   မြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်   ပြည်ထောင်စု ဝန်ကြီးဌာနများ၊  အဖွဲ့အစည်းများ၊  တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များတွင်     အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Preven-tion Unit - CPU) များ တိုးချဲ့ဖွဲ့စည်းထားပြီးဖြစ်သည့် အတွက် သက်ဆိုင်ရာ အောက်ခြေအဆင့်များကစပြီး ထိန်းသိမ်းဆောင်ရွက်ကြရန်     လိုအပ်ပါကြောင်း၊ ထို့ပြင်     အသေးစား     အဂတိလိုက်စားမှုများကို ထိရောက်စွာ   ဟန့်တားနိုင်ရန်အတွက်    “အများ ပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)”   ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကအားဖြင့် မိမိကိုယ်တိုင်က အဂတိလိုက်စားမှုကို သတိထားရှောင်ရှားပြီး   ပတ်ဝန်းကျင်၏   ပြောဆို ဝေဖန်မှုများကို ဂရုစိုက်သတိထားလုပ်ဆောင်သွားခြင်းဖြင့်   အဂတိလိုက်စားမှုလျော့နည်းရာမှ   လုံးဝ ကင်းစင်ပပျောက်သည့်   လူ့ပတ်ဝန်းကျင်ကို   ဖော် ဆောင်ကြရန် ဖြစ်ပါကြောင်း။

 


ထို့ပြင် အခြေခံပညာကျောင်းများတွင်  အဂတိ ကင်းစင်သည့်   ယဉ်ကျေးမှု၊   အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်း၏     အခြေခံမူ    သဘောတရား များ ပြန့်ပွားစေရေးအတွက် “ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အသိပညာပေး အစီအစဉ် (Edu-tainment)” များကို ထည့်သွင်း လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တစ်ဆင့် ချင်း အသိပညာပေးဆောင်ရွက်မှုဖြင့် အနာဂတ်တွင် ဖြောင့်မတ်သော၊ ကိုယ်ကျင့်တရားပြည့်ဝသော နိုင်ငံ့ သားကောင်းများ    ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ဆောင်ရွက်နေပြီဖြစ်သည့်အတွက် အဆိုပါ အစီအစဉ် အောင်မြင်ရေး     အလေးထားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အနေဖြင့် “အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့်  ဆောင်ပုဒ် အတိုင်း    အဂတိလိုက်စားမှုကျူးလွန်ခြင်းများကို လျော့နည်းပပျောက်စေရေးအတွက် မူဝါဒနှင့် ဥပဒေ မူဘောင်ခိုင်မာရေး  လုပ်ထုံးလုပ်နည်းများ ရှင်းလင်း ခိုင်မာရေးတို့ကို   အလေးထားဆောင်ရွက်လျက်ရှိ သည်ကို ပြောကြားလိုပါကြောင်း။
အဂတိလိုက်စားမှုများသည်  အသွင်အမျိုးမျိုး ဆောင်ပြီး ဖြစ်ပေါ်နေခြင်းဖြစ်သည့်အတွက် ဥပဒေ ကြောင်းအရသာမက  ကောင်းမွန်သော  ကိုယ်ကျင့် တရား    ထွန်းကားရေး     နည်းလမ်းများအရပါ ဆောင်ရွက်ရမည်   ဖြစ်ပါကြောင်း၊  နိုင်ငံဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းများသာမက အများပြည်သူများနှင့် လည်း သက်ဆိုင်သည့်   အကြောင်းအရာဖြစ်သည့် အတွက် အားလုံးပါဝင်ဆောင်ရွက်ကြရန် လိုအပ် သည်ဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။

 


ရှင်းလင်းတင်ပြ


ယင်းနောက်   ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဘက်လိုက်မှုကင်းရှင်းပြီး မှန်ကန် မျှတ၍ တာဝန်ခံမှုရှိသည့် တရားစီရင်ရေးနှင့် အဂတိ တရားကင်းစင်သည့်  တရားစီရင်ရေး  ဖြစ်ထွန်းရေး အတွက် ဆောင်ရွက်နေမှုအခြေအနေများကိုလည်း ကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ    ဦးသန်းဆွေက   ကော်မရှင်၏  လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွား မည့်  အခြေအနေများကိုလည်းကောင်း  ရှင်းလင်း တင်ပြသည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   အခမ်းအနား တက်ရောက်လာကြသူများသည် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို  ကြည့်ရှုကြပြီး   အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်