
ရန်ကုန် အောက်တိုဘာ ၂၂
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအား အမှူးထား၍ သီတဂူဆရာတော် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိ ဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် ဆရာတော် ကြီး ရှစ်ပါးတို့ထံမှ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း(ဗဟို)မှ အသင်းသူ အသင်းသားများက ဩဝါဒခံယူပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် မင်းဓမ္မလမ်းရှိ ကျောက်တော်ကြီးဘုရားအနီး သီရိမင်္ဂလာ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို တက်ရောက်ကြည်ညိုပူဇော်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို) ဥက္ကဋ္ဌ အဂ္ဂမဟာ မင်္ဂလ ဓမ္မဇောတိကဓဇ ဦးရဲထွန်းက YMBA အသင်းကြီးအကြောင်းကို လျှောက်ထား ကာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာ အောင်မင်း ကျော်သူ က ဆရာတော် သံဃာတော် အရှင်သူ မြတ်တို့ထံမှ ဩဝါဒချီးမြင့်ပေးတော်မူပါရန် လျှောက်ထားသည်။
ယင်းနောက် ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၏ ဩဝါဒ ကထာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိတ္ထီလာဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ကောဝိဒ က ဖတ်ကြားတော်မူသည်။
ထို့နောက် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ ရန်ကင်းမြို့နယ် ကျောက် ကုန်းတောရ မေဒိနီကျောင်းဆရာတော် အဘိ ဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တကောဝိဒဓဇ၊ နိုင်ငံတော် ဩဝါဒါစရိယ အလယ်တောရကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဂန္ဓမာလာဘိဝံသ၊ ပန်းဘဲတန်းမြို့နယ် မဟာ သိမ်တော်ကြီးကျောင်းတိုက် ပဓာနနာယက နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဟာဂန္ဓာရုံကျောင်း တိုက် ဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိ က၊ အဂ္ဂမဟာပဏ္ဍိတ တိပိဋကဘဒ္ဒန္တဝါယာ မိန္ဒာ ဘိဝံသတို့က ဩဝါဒကထာများ ချီးမြှင့် တော်မူပြီး နိုင်ငံတော်ဩဝါဒါစရိယ အင်းစိန် မြို့နယ် အင်းစိန်ရွာမဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ၏ ဩဝါဒကထာကို ပိဋကတ်သုံးပုံနိကာယ် ကျောင်းတိုက် ဆရာတော် တိပိဋကဓရ ဓမ္မ ဘဏ္ဍာဂါရိက ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ အရှင်သူမြတ်တို့က ဖတ်ကြားတော်မူသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဆရာတော်ကြီးများ၏ ဩဝါဒချီးမြှင့်မှုအပေါ် ဝမ်းမြောက်စကားလျှောက်ထားပြီး သံဃာ တော်အရှင်သူမြတ် ရှစ်ပါးတို့အား လှူဖွယ် ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း (YMBA) အသင်းအတွက် အလှူတော် ငွေကျပ် ၂၅ သိန်းကို ပေးအပ်လှူဒါန်းရာ ဗုဒ္ဓ ဘာသာ ကလျာဏယုဝအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းက လက်ခံရယူပြီး ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) (YMBA) အသင်းသား အသင်းသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒ ခံယူပွဲသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဗဟို)မှ အသင်းသူ အသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်