နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင် ပြည်သူများက ဒံပေါက်ဘူးများနှင့် အကြော်အလှော်ဘူးများ ပေးအပ်လှူဒါန်း

 

နေပြည်တော် နိုဝင်ဘာ  ၁၄


နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက်    စေတနာရှင် အလှူရှင်  ပြည်သူ များက   အလှူငွေများ   ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများနှင့် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။ 


လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေး


ယနေ့တွင်လည်း    စေတနာရှင် အလှူရှင် ပြည်သူများက အရှေ့မြောက် တိုင်း   စစ်ဌာနချုပ်နယ်မြေအတွင်း       နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များ   ထမ်းဆောင်နေသည့်   လုံခြုံရေး      တပ်ဖွဲ့ဝင်များအတွက် ဒံပေါက်ဘူးများကို   ပေးအပ်လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံရယူ ပြီး လားရှိုးမြို့မှတစ်ဆင့် တပ်မတော် မော်တော်ယာဉ်များ၊   ရဟတ်ယာဉ် များဖြင့်    လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင် ပေးကြသည်။


ဆုတောင်းမေတ္တာ  
စာလွှာများပါရှိ


စေတနာရှင် ပြည်သူများ လှူဒါန်း သည့်     ဒံပေါက်ဘူးများနှင့်အတူ   ရဟန်းသံဃာများနှင့်  ပြည်သူများက   ရေးသားပေးပို့ သည့်    “တပ်မတော်သား များ တိုက်ပွဲတိုင်း    အောင်မြင်ပါစေ ကြောင်း၊   အန္တရာယ်ရန်စွယ်တွေကို  ကျော်လွှားနိုင်ပါစေကြောင်း၊ အမျိုး ဘာသာ၊  သာသနာကို   ကာကွယ် စောင့်ရှောက်နေသော တပ်မတော်သား များ ကျန်းမာပါစေကြောင်း” စသည့် ဆုတောင်းမေတ္တာ  စာလွှာများ  ပါရှိ ကြောင်း သိရသည်။


လားရှိုးမြို့သို့  တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်


အလားတူ   ဧရာဝတီတိုင်းဒေသ ကြီး   အစိုးရအဖွဲ့နှင့်   ဌာနဆိုင်ရာ ဝန်ထမ်းများက  လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက်    ငါးနီတူခြောက်ကြော် အထုပ်  ၆၅၇၀၊ ငါးပိကြော်  အထုပ်  ၅၄၅၀ နှင့်  ငံပြာရည်ကြော်   အထုပ် ၄၀၀ တို့ကို         ပေးအပ်လှူဒါန်းကြရာ အဆိုပါ   အကြော်အလှော်ထုပ်များကို ပုသိမ်မြို့မှတစ်ဆင့်     လားရှိုးမြို့သို့   တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင် ပေးပြီး   လုံခြုံရေးတပ်ဖွဲ့ဝင်များ၏      လက်ဝယ်အရောက် လိုက်လံပို့ဆောင် ပေးလျက်ရှိကြောင်း         သတင်းရရှိသည်။


သတင်းစဉ်