
နေပြည်တော် နိုဝင်ဘာ ၂
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေး နှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ခြင်းကို နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်း အေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြ သည်။ ထို့နောက် စေတနာရှင် အလှူရှင် ၃၅ ဦးက ဂုဏ်ပြုချီးမြှင့် ငွေ စုစုပေါင်းငွေကျပ် ၂၁၉၈၄ သိန်း အား ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
အလားတူ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ စေတနာရှင်အလှူ ရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူ များ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။ ထို့နောက် စေတနာရှင်အလှူရှင် ၉၉ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် ၁၁၂၇၃ သိန်း နှစ်သောင်း ငါးထောင် ခြောက်ရာကို ဂုဏ်ပြုပေးအပ် ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တိုင်းမှူးက လက်ခံရယူပြီး (အပေါ်ယာပုံ) ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့အတူ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ စေတနာရှင် အလှူ ရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို အနောက်တောင် တိုင်းစစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။ ထို့နောက် စေတနာရှင်အလှူရှင် ၂၇ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်း ငွေကျပ် ၇၈၁ သိန်းကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
အလားတူ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ခြင်းကို ချမ်းအေး သာစံမြို့နယ် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး အောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက် ရောက်ကြသည်။ ထို့နောက် စေတနာရှင်အလှူရှင် ၁၃၆ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် သိန်း ၆၁၀၀ ကို ဂုဏ်ပြုပေးအပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့အတူ မကွေးတိုင်းဒေသ ကြီးအတွင်းရှိ စေတနာရှင်အလှူ ရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းကို မကွေးမြို့ မြို့တော် ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံ တပ်မှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များ တက် ရောက်ကြသည်။ ထို့နောက် စေတနာရှင်အလှူရှင် ၁၃ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် သိန်း ၂၀၀၀ ကို ဂုဏ်ပြုပေးအပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်