
နေပြည်တော် ဒီဇင်ဘာ ၃
မြန်မာနိုင်ငံ၏ နယ်စပ်နယ်မြေ အသီးသီးတွင် မိဝေးဖဝေးနှင့် မိသားစု ဝေးကွာစွာဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို နေ့မအား ညမနား ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်း ရောက် တပ်မတော်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ တဒင်္ဂ ခေတ္တခဏမျှ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်နှင့် ဘဝအမော များ ပြေပျောက်စေရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ဖျော်ဖြေရေးအဖွဲ့သူ အဖွဲ့သားများ၊ ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက်ရှိ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက ကျောပိုး အိတ်ဖျော်ဖြေရေး အဖွဲ့ငယ်များ ဖွဲ့စည်းကာ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရှေ့တန်းစခန်းများ သို့ မိသားစုများ၏ကိုယ်စား ကိုယ်ချင်းစာစိတ် အပြည့်အဝ ဖြင့် အလှည့်ကျ သွားရောက် ဂုဏ်ပြု ဖျော်ဖြေသီဆိုကပြလျက် ရှိသည်။
ထိုသို့ ရှေ့တန်းစခန်းများရှိ တပ်မတော်သားများ၊ နယ်ခြား စောင့်တပ်ဖွဲ့များအား သွားရောက် ဂုဏ်ပြုသီဆိုကပြဖျော်ဖြေလျက်ရှိရာ ဒီဇင်ဘာ ၂ ရက်နှင့် ယနေ့ တွင် အရှေ့တောင်တိုင်းစစ်ဌာန ချုပ်နယ်မြေရှိ ရှေ့တန်းစခန်းများ နှင့် မြဝတီ၊ ကျိုက်ဒုံ၊ ကြာအင်း ဆိပ်ကြီးတို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)မှ ဖျော်ဖြေ ရေး အဖွဲ့သူ အဖွဲ့သားများ၊ နယ်လှည့် ပြည်သူ့ဆက်ဆံရေး အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက စစ်ချီတေးသီချင်း များ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်း တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ရှေ့တန်းစခန်း များနှင့် တပ်ရင်းဌာနချုပ်များရှိ တပ်မတော်သားများနှင့် မိသားစု ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့များ က လုံခြုံရေးအရ အလှည့်ကျစနစ် ဖြင့် စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့ စွာဖြင့် ကြည့်ရှုအားပေး၍ အချို့ စစ်သည်များမှာလည်း လွတ်လပ် ပေါ့ပါးစွာဖြင့် ပါဝင်သီဆိုကြသည်။
ရှေ့တန်းစခန်းအလိုက်နှင့် ဌာနချုပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက လာရောက်သီဆို ဖျော်ဖြေပေးကြသည့် ဖျော်ဖြေရေး အဖွဲ့များကိုလည်း ဂုဏ်ပြုဆုငွေ များ ပေးအပ်ကြပြီး ဒေသထွက် အစားအစာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြသည်။
သတင်းစဉ်