
နေပြည်တော် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်အချို့တွင် အောက်တိုဘာ ၂၇ ရက်မှစ၍ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရှေ့တန်းစစ်မျက်နှာ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ငြိမ်းချမ်းရေးလိုလား သည့် ပြည်သူများက အားပေးထောက်ခံလျက်ရှိကြသည်။
ထိုသို့ အားပေးထောက်ခံလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ လူငယ် ဘောလုံးကွင်း၌ ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ်မှ ပြည်သူလူထုအင်အား ၂၂၀၀ ခန့် သည် တိုင်းပြည်အလုံးစုံ ပျက်စီး ရေး ဆောင်ရွက်နေကြသည့် KIA၊ AA ၊ TNLA ၊ MNDAA ၊ BPLA နှင့် PDF အမည်ခံအကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူ များအား ဆန့်ကျင်ရှုတ်ချကြပြီး နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်ထမ်းဆောင်နေ ကြသည့် ရှေ့တန်းရောက် တပ်မတော်သားများအားထောက်ခံအားပေးပွဲကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ကြ သည်။
ထို့ပြင် နိုဝင်ဘာ ၈ ရက်နှင့် ၁၀ ရက်တို့တွင်လည်း ကချင် ပြည်နယ် မြစ်ကြီးနားမြို့ မနော ကွင်းနှင့် မန္တလေးမြို့ပေါ်ရှိ လမ်း များ၊ မန္တလေးမြို့ အဝင်အဝိုင်းထိပ်၊ မန္တလေးကျုံးဘေးနှင့် ဧရာဝတီ ရတနာပုံတံတားတို့တွင် အေးချမ်း စွာ နေထိုင်လိုကြသည့် ပြည်သူများ က အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအား အလို မရှိကြောင်း ရှုတ်ချကြပြီး ရှေ့တန်း ရောက် တပ်မတော်သားများအား ထောက်ခံအားပေးမှုကို ဆိုင်းဘုတ် များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော် ပွဲများ ကျင်းပခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်